သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နာဂစ်မုန်တိုင်းဒဏ် ဆူနာမီထက် ဆိုးနိုင်ကြောင်း FAO သတိပေး


မြန်မာပြည်မှာ တိုက်ခတ်ခဲ့တဲ့ နာဂစ် ဆိုင်ကလုန်းမုန်တိုင်း အန္တရာယ်ဟာ
၂၀၀၄ ခုနှစ်က အိန္ဒိယသမုဒ္ဒရာအတွင်းမှာ
ဖြစ်ပွားခဲ့တဲ့ ဆူနာမီအန္တရာယ်ထက် ပိုဆိုး
တယ်လို့ FAO ခေါ် ကုလသမဂ္ဂ စားနပ်
ရိက္ခာအဖွဲ့ကြီးက ဒီနေ့ ပြောဆိုလိုက်ပါ
တယ်။

ငါးဖမ်းလုပ်ငန်းတွေ၊ မွေးမြူရေးလုပ်ငန်း
တွေ၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ တနိုင်ငံလုံးစားနပ်ရိက္ခာရဲ့ ၅၅% ကို ဖြည့်ဆည်းပေးနေတဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ်
ဒေသမှာ မုန်တိုင်းဒဏ်ကြောင့် အပျက်အစီးတွေ အများဆုံးဖြစ်ခဲ့ရတယ်လို့ FAO အဖွဲ့
ကြီးက မှတ်တမ်းတင်လိုက်ပါတယ်။

မြစ်ဝကျွန်းပေါ်ဒေသက တံငါလုပ်ငန်းတွေ၊ လှေဆိပ်တွေ၊ တံတားတွေ အားလုံးနီးပါး ပျက်စီးခဲ့ရကြောင်း၊ မြန်မာပြည်ရဲ့ ညံ့ဖျင်းလှတဲ့ လမ်းပန်းဆက်သွယ်ရေးစနစ်ကြောင့်
လည်း အကူအညီပေးဖို့ သိပ်ခက်ခဲလှတဲ့အကြောင်း FAO အဖွဲ့ကြီးက ဒီနေ့ ပြောဆို
လိုက်ပါတယ်။

တချိန်က အာရှရဲ့ ဆန်အိုးကြီးရယ်လို့တောင် တင်စားခဲ့ရတဲ့ မြန်မာပြည်ဟာ စစ်အစိုးရ
ရဲ့ အစွန်းရောက်ဆိုရှယ်လစ်စနစ်ကြောင့် ဆင်းရဲတွင်းနက်ခဲ့ရတယ်လို့လည်း သတင်း
တွေမှာ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG