သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ကယ်ဆယ်ရေး လေယာဉ်တွေ မြန်မာနိုင်ငံ ဝင်ခွင့် မရသေး


အမေရိကန်ပြည်ထောင်စုကနေ မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဒုက္ခသည်တွေအတွက်
အရေးပေါ် အကူအညီပေးဖို့ စစ်လေယာဉ်နဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ ပေးပို့ရေး
ဝင်ခွင့်ရဖို့ စောင့်ဆိုင်းနေရဆဲ ဖြစ်ပါတယ်။

ဒီနေ့အစောပိုင်းက လေယာဉ်ဆင်းသက်ခွင့်ရပြီလို့ ဘန်ကောက်ရှိ အမေရိကန်သံရုံး
က ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် ကယ်ဆယ်ရေးပစ္စည်းတွေ အပြည့်တင်ဆောင်ထားတဲ့ အမေရိကန်စစ်တပ်
က C130s လေယာဉ်ဟာ ရန်ကုန်ကိုသွားခွင့်ရဖို့ အခုအထိ စောင့်နေရဆဲပဲလို့
ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး အဲရစ်ဂျွန် (Eric John) က ဒီကနေ့
ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။

ခွင့်ပြုချက်ရပြီးမှ ပယ်ဖျက်လိုက်တာလား၊ နားလည်မှုလွဲတာလား ဆိုတာကိုတော့ သူ
မသိဘူးလို့ သံအမတ်ကြီး အဲရစ်ဂျွန်က ပြောပါတယ်။

XS
SM
MD
LG