သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ ဆန်တင်သွင်းဖို့ လိုအပ်လိမ့်မယ်လို့ ကုလသမဂ္ဂ ပြော


မြန်မာပြည်မှာ ဆိုင်ကလုံး လေပြင်းမုန်တိုင်း ကျရောက် ပျက်စီးသွားလို့ ကမ္ဘာ့ဆန်ဈေးနှုန်း ဒီထက်မက ပိုတက် လာလိမ့်မယ်လို့ စိုးရိမ်မှုတွေ တိုးလာနေပါတယ်။ မြန်မာပြည်မှာ အဓိက ဆန်ထွက်ရာဒေသ ပျက်စီးသွားလို့ ဆန်တန်ချိန် (၆)သိန်း နိုင်ငံခြားကို တင်ပို့မယ့် အစီအစဉ်အတိုင်း လုပ်ဆောင်နိုင်တော့မှာ မဟုတ်ဘူးလို့ ကုလသမဂ္ဂရဲ့ FAO ကမ္ဘာ့ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေး အဖွဲ့ချုပ်က ဗုဒ္ဓဟူးနေ့မှာ ကြေညာပါတယ်။

မြန်မာနိုင်ငံအနေနဲ့ နိုင်ငံခြားကို ဆန် မတင်ပို့နိုင်ရုံသာမက အိမ်နီးနားချင်းနိုင်ငံတွေက ဆန်များ မြန်မာနိုင်ငံတွင်းကို တင်သွင်း ရဖွယ်ရှိတယ်။ ဧရာဝတီတိုင်းမှာ ဆန်စပါး သိုလှောင်ထားတာ တွေလည်း ပျက်စီးသွားနိုင်တယ်။ မုန်တိုင်း မကျမှီကတည်းက ဆန်စပါးသိုလှောင်ပုံဟာ အတော်လေး ကို ညံ့ဖျင်းတယ်လို့ FAO ကဆိုထားပါတယ်။ မြန်မာနိုင်ငံတွင်း ဆန်တင်သွင်းဖွယ် ရှိတယ်ဆိုတဲ့ ခန့်မှန်းတွက်ဆချက်များကြောင့် ကမ္ဘာ့ ဆန်ဈေးကွက်မှာ စတုထ္ထနေ့ ဆက်ပြီးတော့ ဆန်ဈေး တက်နေပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG