သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်း ဒုက္ခသည်များ အကူအညီ အကြီးအကျယ် လိုအပ်နေ


မြန်မာနိုင်ငံထဲမှာ ဝင်ပြီး မွှေနှောက်ခဲ့တဲ့ နာဂစ် ဆိုင်ကလုံး မုန်တိုင်းခံရပြီး အသက်မသေ ကျန်ရစ်သူတွေဟာ နောက်ကျိပြီး မသန့်ရှင်းတဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသ တလျှောက်က ရေညစ်ရေဆိုးတွေကြားမှာ စားစရာတွေကို လိုက်လံ ရှာဖွေနေတာ တွေ့ရတယ်လို့ မြန်မာနိုင်ငံကို ရောက်နေတဲ့ ကူညီကယ်ဆယ်ရေး လုပ်သားတွေ သတင်းထောက်တွေကို ပြောပါတယ်။

ဆားငန်ရေထဲမှာ အလောင်းတွေ မျောနေတဲ့အပြင် မုန်တိုင်းဒဏ် သင့်ခဲ့တဲ့ နေရာတွေမှာ ကယ်ဆယ်ရေး ပစ္စည်းတွေ သွားပြီးပို့တော့ သူထက် ငါ အလုအယက် လုယူကြတာတွေ့ရတယ်လို့ မျက်မြင် သက်သေတွေက ပြောပါတယ်။ ကယ်ဆယ်ရေး လုပ်သားတွေ မရောက်နိုင်တဲ့ နေရာတွေမှာ အစားအစာ၊ သောက်ရေသန့်နဲ့ အကူအညီ လိုအပ်နေသူ အများအပြား ကျန်နေတယ်လို့ ကယ်ဆယ်ရေး လုပ်သားတွေက ပြောပါတယ်။

အခုဆိုရင် အဓိက လိုအပ်တဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေ ဖြစ်တဲ့ အစားအစာ၊ ရေသန့်၊ ဆေးပြားတွေ၊ ခြင်ထောင်၊ ပလက်စတစ်အခင်းတွေနဲ့ အခြေခံ ဆေးဝါးပစ္စည်းတွေကို စတင်ဖြန့်ဖြူးပေးနေပြီလို့ ကုလသမဂ္ဂ ကယ်ဆယ်ရေး ဝန်ထမ်းတွေက ပြောပါတယ်။ ရေသန့် မရရှိမှုနဲ့ အစားရေစာ ပျက်လက်မှုကြောင့် လူသေဆုံးမှု ပိုများလာနိုင်တယ်လို့ နိုင်ငံတကာ ကျန်းမာရေးဝန်ထမ်းတွေက သတိပေးပါတယ်။ ဒါ့အပြင် ပူပြင်းတဲ့ နေရောင်အောက်မှာ ပုပ်သိုးနေတဲ့ အလောင်းတွေကြောင့် ရေနဲ့ ပတ်သက်တဲ့ ရောဂါဗရတွေ ဖြစ်ပွားလာနိုင်တယ်လို့ သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG