မြန်မာနိုင်ငံအတွင်းက မုန်တိုင်းဒဏ်ခံရတဲ့ ဒုက္ခသည်တွေအတွက် အကူအညီတွေကို
စစ်အစိုးရက သိမ်းယူသွားတဲ့အတွက်
ကုလသမဂ္ဂက မြန်မာပြည်ကို ပို့ပေးနေတဲ့ အရေးပေါ်အကူအညီတွေကို ရပ်ဆိုင်း
လိုက်ပါတယ်။
အနည်းဆုံး မြန်မာနိုင်ငံကို ပေးပို့မယ့်
စားနပ်ရိက္ခာ အကူအညီ လေယာဉ်နှစ်စင်း
စာကို ထိန်းသိမ်းထားလိုက်တယ်လို့ WFP ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် အရာရှိတွေက ပြောပါတယ်။ စစ်အစိုးရဘက်က ရိက္ခာ
တွေကို သိမ်းဆည်းနေတာတွေနဲ့ ပတ်သက်ပြီး မဖြေရှင်းနိုင်သေးသ၍ နောက်ထပ်
ပို့မယ့် ရိက္ခာတွေကိုလည်း ရပ်ဆိုင်းထားရလိမ့်မယ်လို့ ပြောပါတယ်။ သူတို့မှာ တခြား ရွေးချယ်စရာလမ်း မရှိတဲ့အကြောင်းလည်း WFP အရာရှိတွေက ပြောပါတယ်။
မြန်မာနိုင်ငံအတွင်း ထောင်သောင်းချီ ဒုက္ခရောက်နေတဲ့ လေဘေးဒုက္ခသည်တွေကို
ကူညီရေး နိုင်ငံခြားက အကူအညီပေးရေး အဖွဲ့တွေကို လက်မခံခဲ့တဲ့အတွက် အခုလို စစ်အစိုးရဘက်က လုပ်ဆောင်ချက်တွေကြောင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းက ပိုပြီး ဒေါသဖြစ်လာနိုင်ပါတယ်။
စစ်အစိုးရက နိုင်ငံတကာ အကူအညီတွေကို လက်ခံဖို့ သဘောတူထားပါတယ်။ ဒါပေ
မယ့်လည်း အကူအညီတွေကို သူ့နည်းသူ့ဟန်နဲ့ ဖြန့်ဝေမယ်၊ ကိုယ်ပိုင်အင်အားကို
သုံးပြီး ဖြန့်ဝေမယ်လို့ ပြောဆိုပြီး ပြည်ပအကူအညီပေးရေးအဖွဲ့တွေကို လာရောက်ခွင့် ငြင်းပယ်ထားပါတယ်။
မြန်မာနိုင်ငံကို တိုက်ခတ်ခဲ့တဲ့ နာဂစ် ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူပေါင်း
နှစ်သောင်းသုံးထောင်လောက် သေဆုံးပြီး လေးသောင်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရ
ပါတယ်။ ဒါပေမယ့်လည်း ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် သေဆုံးသူဦးရေဟာ လူပေါင်းတသိန်းလောက်အထိ ရှိနိုင်တယ်လို့ အမေရိကန်ပြည်ထောင်စုက အရာရှိ
တွေက သတိပေးထားပါတယ်။