သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေဘေးသင့်ပြည်သူများအတွက် နိုင်ငံတကာအကူအညီကို အာဏာပိုင်များ နှောင့်နှေးအောင်လုပ်ဆဲ


စစ်အစိုးရက ကယ်ဆယ်ရေးပစ္စည်းတွေကို လက်ခံပေမယ့် ကယ်ဆယ်ရေးလုပ်သား
တွေနဲ့ ကျွမ်းကျင်သူတွေကိုတော့ ပြည်ဝင်
ခွင့်ဗီဇာ ထုတ်ပေးဖို့ လိုလိုလားလား မရှိ
သေးပါဘူး။ ဒီကိစ္စတွေ အခုရော အဆင်
ပြေကြပြီလား။ ဘန်ကောက်ကိုရောက်နေ
တဲ့ ဗွီအိုအေဝိုင်းတော်သား ကိုကျော်ကျော်
သိန်းကို ဆက်သွယ်မေးမြန်းပြီး တင်ပြ
ထားပါတယ်။

အခုနောက်ဆုံးအခြေအနေ ဘယ်လိုရှိတယ်ဆိုတာ ပြောပြပေးပါဦး ကိုကျော်ကျော်
သိန်းရေ။

“နောက်ဆုံးအခြေအနေ အဆင်ပြေသွားပြီလားဆိုတော့ အဆင်ပြေတဲ့အခြေအနေမှာ
တော့ မရှိသေးပါဘူး။ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) ရဲ့ ပထမတုန်းက ပို့လိုက်တဲ့ အထောက်အကူပြုပစ္စည်း လေယာဉ်နှစ်စီးစာကို အာဏာပိုင်တွေက လေဆိပ်မှာ သိမ်းထားလိုက်တယ်။ အဲဒါတွေကို ပြန်ရဖို့ လုပ်နေတုန်းပဲ။ ဒါပေမယ့် WFP က
နောက်ထပ် လေယာဉ်သုံးစီးစာ ထပ်ပို့လိုက်ပါပြီ။ အဲဒီထဲမှာ ၇၉ တန်စာ ယာယီအမိုး
အကာတွေ၊ မီးစက်တွေနဲ့ တခြားအထောက်အကူပြုပစ္စည်းတွေ ပါပါတယ်။

“ဒီကြားထဲမှာပဲ ဘန်ကောက်အခြေစိုက် ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အကူပြုအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက သူတို့ရဲ့ မိုးလေဝသခန့်မှန်းချက်တွေ၊
မိုးလေဝသဌာနက ပြောဆိုချက်တွေအရ ရန်ကုန်မြို့မှာ မိုးအပြင်းအထန်ရွာမယ်ဆိုတဲ့ သတင်းတွေရထားတယ်လို့ ပြောပါတယ်။ ကျနော်တို့ဆက်သွယ်ကြည့်သမျှ ရန်ကုန်
မြို့ခံတွေကလည်း ရန်ကုန်မှာ အခုလောလောဆယ် မိုးတွေရွာနေတယ်ဆိုတာ
ပြောပါတယ်။ ကုလသမဂ္ဂ တာဝန်ရှိသူကတော့ နောက် ၇ ရက်မှာကို မိုးကြီးတွေရွာနိုင်
တယ်လို့ ပြောထားတာပါ။

“တခြားသတင်းတွေမှာတော့ ရုရှားနိုင်ငံက အရေးပေါ်အကူအညီပေးတဲ့ လေယာဉ်
တစင်း ဆင်းသွားပါပြီ။ နောက်တစင်းက တနင်္ဂနွေနေ့မှာ ထပ်ပြီးသွားပါမယ်။ အဲဒီမှာ
စုစုပေါင်း အထောက်အကူပြုကုန်ချိန် မက်ထရစ်တန် ၆၀ ပါပါတယ်။ ပစ္စည်းတွေက
တော့ ရွက်ဖျင်တဲတွေ၊ စောင်တွေ၊ မီးစက်တွေ၊ ဆေးပစ္စည်းတွေနဲ့ အစားအသောက်
ပစ္စည်းတွေပါ။

“နိုင်ငံတကာအနေနဲ့ဆိုရင် အစ္စရေးကလည်း ပထမဦးဆုံး လူပုဂ္ဂိုလ်တွေပါတဲ့
အထောက်အကူအဖွဲ့ ရောက်သွားပါပြီ။ သူတို့က လဲကျနေတဲ့သစ်ပင်တွေ၊ ပျက်နေတဲ့ အဆောက်အဦးတွေ၊ ခေါင်မိုးတွေစုတ်ပြတ်ပြီး ပျက်သွားတဲ့အိမ်တွေ၊ ရေတွေပြတ်လပ်
နေတာတွေ၊ လောင်စာဆီတွေ ပြတ်လပ်နေတဲ့ကိစ္စတွေကို ကိုင်တွယ်ကူညီဖြေရှင်း
ပေးမယ်လို့ သတင်းတွေမှာ ဆိုပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂက ပို့လိုက်တဲ့ စားသောက်ကုန်တွေကတော့ အခုအထိ လေဆိပ်မှာပဲ ထုတ်ဖို့လုပ်နေတုန်းလို့ ကုလ
သမဂ္ဂ တာဝန်ရှိပုဂ္ဂိုလ်ကပြောပါတယ်။”

စစ်အစိုးရဘက်ကတော့ သူတို့အနေနဲ့ ဒီပစ္စည်းတွေကို သိမ်းထားတာမဟုတ်ဘူးလို့
ပြောနေပါတယ်။ အဲဒီအပေါ်မှာရော။

“ဟုတ်ပါတယ်။ စစ်အစိုးရကတော့ ဒါတွေကို သူတို့သိမ်းထားတာ မဟုတ်ပါဘူးလို့
ပြောပါတယ်။ ဒါပေမယ့် စစ်အစိုးရဘက်က တိတိကျကျ ထွက်မလာတာက ဒါဆိုရင်
ဘာဖြစ်လို့ ဒီပစ္စည်းတွေကို လိုအပ်တဲ့လူတွေဆီပို့ဖို့ရာ WFP ကို ခွင့်မပြုတာလဲလို့
မေးရပါလိမ့်မယ်။ WFP ဘက်က တာဝန်ရှိသူ ပြောတာကတော့ ဘာကြောင့်သိမ်းထား
တယ်ဆိုတာ သူတို့အနေနဲ့ တိတိကျကျမသိဘူး။ ဖြစ်နိုင်ချေတွေက ကြိုးနီစနစ်ကြောင့်
လား၊ အကောက်အခွန်ဆိုင်ရာ စာရွက်စာတမ်းကိစ္စ ရှင်းလင်းနေရလို့လား၊ ဒါမှမဟုတ် အထက်အာဏာပိုင်တွေက သူတို့ကိုယ်တိုင် စားစရာပစ္စည်းတွေကို ဖြန့်ဝေချင်တဲ့
သဘောမျိုးနဲ့ သိမ်းထားတာလားဆိုပြီး မေးဖို့ရှိတယ်လို့ပဲပြောပါတယ်။”

အခုဆိုရင် နိုင်ငံတကာကပေးတဲ့ အကူအညီပစ္စည်းတချို့ မြန်မာပြည်ထဲကို ရောက်သွား
ပြီဆိုရင် ဒီအကူအညီတွေက ဒုက္ခသည်တွေရဲ့လက်ထဲကို ဘယ်လောက်အထိရောက်
သလဲ၊ ဥပမာ အဟာရဖြစ်တဲ့ ဘီစကစ်တွေ၊ မုန့်တွေရော ဒုက္ခသည်တွေအနေနဲ့ စားနေ
ရပြီလား။ ဒါမှမဟုတ် ဒုက္ခသည်တွေက ဆန်ပြုတ်တွေ သောက်နေရတုန်းပဲလား။

“ကျနော်တို့နောက်ဆုံးရတဲ့ ဘန်ကောက် လူသားချင်းစာနာမှုဆိုင်ရာရုံးက ပြောရေး ဆိုခွင့်ရှိသူအပြောအရ သူတို့ကူညီလိုက်ပြီးတဲ့ ဒုက္ခသည်အရေအတွက်က ၂၇၆,၀၀၀
လို့ပြောပါတယ်။ တကယ်အကူအညီလိုအပ်နေတာက ၁,၅၀၀,၀၀၀ ကျော်ရှိတယ်။
ဒါ လွန်ခဲ့တဲ့ ၃ ရက်က ကိန်းဂဏန်းပါ။ အဲဒီကိန်းဂဏန်းတွေအရ ၂၇၆,၀၀၀ ကို အခု
သူတို့ အထောက်အပံ့ပေးပြီးသွားပြီလို့ ပြောတယ်။

“ဒါပေမယ့် ကျနော်တို့ အခုအချိန်ထိ မတွေ့ရသေးတာက အထောက်အကူပြုအဖွဲ့တွေနဲ့ အစိုးရကပေးလိုက်တယ်လို့ပြောတဲ့ အထောက်အကူပြုပစ္စည်းတွေ၊ ဥပမာ သောက်ရေ
သန့်ပဲဖြစ်ဖြစ်၊ ဆန်ပြုတ်ပဲဖြစ်ဖြစ်၊ အဟာရဘီစကစ်မုန့်လို့ ပြောတဲ့ အစားအစာကိုပဲ
ဖြစ်ဖြစ် လူတွေစားသုံးနေတာ၊ နောက်တခုက ခြင်ထောင်တွေပေးတယ်၊ ခြင်ထောင်
တွေ ထောင်ပြီးအိပ်နေတာ ဒါတွေ ကျနော်တို့ မတွေ့ရဘူး။ အစိုးရသတင်းမီဒီယာတွေ
မှာလည်း မတွေ့ရဘူး။

“အစိုးရသတင်းမီဒီယာတွေမှာတော့ အစိုးရတာဝန်ရှိသူတွေက ဒီဒုက္ခသည်တွေကို ပစ္စည်းတွေပေးနေတာ တွေ့ရတယ်။ အဲဒီနေရာမှာလည်း ပြောစရာတခုရှိတာက အခု သတင်းမီဒီယာတွေမှာ ရေးနေသလို နိုင်ငံတကာကပေးတဲ့ အကူအညီတွေကို မြန်မာ စစ်ဗိုလ်ချုပ်တွေရဲ့ နာမည်တွေကပ်ထားတဲ့ ပုံးတွေထဲထည့်ပြီး ပေးနေတယ်လို့ သတင်း
တွေ ထွက်နေပါပြီ။

“ဥပမာ ထိုင်းနိုင်ငံကပေးလိုက်တဲ့ ခေါက်ဆွဲခြောက်ထုပ်ဆိုရင် ထိုင်းနိုင်ငံကပေးတယ်
ဆိုတဲ့ စာသားလေးက သေးသေးလေးပဲပါပြီး ဗမာစစ်ဗိုလ်ချုပ် ဘယ်သူကဆိုတဲ့ဟာမျိုး
ပါနေတာကို တွေ့ရပါတယ်။ ဒါကြောင့် နိုင်ငံတကာကပေးတဲ့ အကူအညီတွေကို မြန်မာ စစ်ဗိုလ်ချုပ်တွေက သူတို့နာမည်ခံပြီး သူတို့နာမည်ရဖို့အတွက် လုပ်နေတယ်ဆိုတဲ့
အဓိပ္ပာယ် သက်ရောက်နေပါတယ်။ ဒါကြောင့် ဒုက္ခသည်တွေအနေနဲ့ ပေးတဲ့အထောက်
အပံ့တွေကို တကယ်ပဲ သုံးစွဲနေရပြီလားဆိုတာ အခုအချိန်အထိ တိတိကျကျ ရှင်းရှင်း
လင်းလင်း မရှိသေးပါဘူး။”

ဒုက္ခသည်တွေအနေနဲ့ နိုင်ငံတကာကပေးတဲ့ သောက်ရေသန့်တွေကိုရော တကယ်ပဲ သောက်နေရပြီလား။ ရေမသန့်တော့ နောက်ဆက်တွဲ ဝမ်းရောဂါတွေ ဖြစ်လာနိုင်တဲ့
အခြေအနေတွေ ရှိတယ်ဆိုတော့ အဲဒီအတွက်ရော ဘယ်လောက်အထိ ဆောင်ရွက်
ပေးနိုင်ပြီလဲ။

“သောက်ရေသန့်ကိစ္စက အတော့်ကို စိုးရိမ်စရာဖြစ်ရတယ်ဆိုတာ ကုလသမဂ္ဂ တာဝန်
ရှိသူတွေကရော၊ အကူအညီပေးအဖွဲ့တွေရဲ့ တာဝန်ရှိသူတွေကရော တောက်လျှောက် လိုပြောလာတာပါ။ ဘာဖြစ်လို့လဲဆိုတော့ အခုဆိုရင် ကွယ်လွန်သွားတဲ့လူတွေ၊ ရေမျောပါသွားတဲ့လူတွေရဲ့ အလောင်းတွေဟာ တချို့ရေစီးကြောင်းတွေထဲမှာပါသွား၊
တချို့ဆိုရင် တင်ကျန်ရစ်ပြီး ရက်ကြာလာတာနဲ့အမျှ ခန္ဓာကိုယ်တွေက ပျက်စီးလာ
တယ်၊ အဲဒီကနေ မြစ်တွေ၊ ချောင်းတွေကို စီးမယ်။ အဲဒီရေတွေကို လူတွေက
သောက်မယ်။ ဒီအခါ ဝမ်းရောဂါတွေဖြစ်မယ်ဆိုပြီး စိုးရိမ်စိတ်တွေကရှိနေတယ်။

“အဲဒါကြောင့် အကူအညီပေးရေးအဖွဲ့တွေက ရေကိုသန့်အောင်လုပ်တဲ့ ဆေးပြားတွေ
ကို အထောက်အပံ့ပြုတာပါ။ ဒါပေမယ့် အဲဒါတွေက တကယ့်တကယ် လုံလောက်မှုမရှိ
သေးဘူးဆိုတာ အကူအညီပေးတဲ့ တာဝန်ရှိသူတွေ အကုန်လုံးက ပြောထားတာပါ။ သောက်ရေသန့်ဘူးတွေကလည်း လူတွေ သန်းနဲ့ချီ ဒုက္ခရောက်နေပေမယ့် တကယ်
တွေ့ရတဲ့ အရေအတွက်က မပြောပလောက်ပါဘူး။ ဒါကြောင့် သောက်ရေနဲ့ပတ်သက်
ပြီး တကယ်ဒုက္ခရောက်နေတဲ့လူတွေအနေနဲ့ တကယ် ထိထိရောက်ရောက် သုံးစွဲနိုင် တဲ့အခြေအနေမှာ မရှိသေးဘူးလို့ပဲ ပြောရမှာပါ။”

ပြီးတော့ တခြားနိုင်ငံတွေမှာဆိုရင် အခုလို မုန်တိုင်းကျပြီးပြီဆိုတာနဲ့ သက်ဆိုင်ရာ
တွေက အသက်ရှင်ကျန်ရစ်တဲ့လူတွေကို လိုက်ရှာတာတွေရှိတယ်။ မြန်မာပြည်မှာရော
အဲဒီလို အသက်ရှင်ကျန်ရစ်တဲ့လူတွေကို လိုက်ရှာတယ်လို့ ကြားပါသလား။

“မကြားပါဘူး။ အဲဒီဟာနဲ့ပတ်သက်ပြီးတော့လည်း မုန်တိုင်းဒဏ်ခံရပေမယ့် အသက် မသေကျန်တဲ့လူတွေကို မြန်မာစစ်အစိုးရက လိုက်လံရှာဖွေ ကယ်တင်နေတယ်ဆိုတဲ့
သတင်းမျိုး ကျနော်တို့ လုံးဝမကြားရပါဘူး။ ကျနော်တို့ ဆက်သွယ်မေးမြန်းကြည့်
သမျှ ပြည်တွင်းက ဒုက္ခရောက်တဲ့သူတွေ၊ ပြည်တွင်းက ဒီလူတွေကို ကူညီနေတဲ့လူတွေ
ဆီကလည်း ဒီလိုမျိုး အသက်ရှင်ကျန်ရစ်သူတွေကို လိုက်လံရှာဖွေ ကယ်တင်နေတယ်
ဆိုတာမျိုး လုံးဝမကြားရပါဘူး။

“ဒါကြောင့်လည်း နိုင်ငံတကာက တောင်းဆိုနေတာက အပြင်က ကျွမ်းကျင်သူတွေကို
လက်ခံပါ။ ဒီကျွမ်းကျင်သူတွေဟာ ကမ္ဘာအနှံ့က ဘေးအန္တရာယ်ကျရောက်တဲ့ နေရာ
တွေကို သွားပြီးလုပ်ဆောင်ဖူးတဲ့အတွက် သူတို့မှာ အတွေ့အကြုံတွေ အများကြီးရှိပါ
တယ်။ ဘယ်လိုကိစ္စမျိုးတွေလုပ်ရမယ်၊ ဘယ်နေရာမှာ ဘယ်လိုလုပ်ရမယ်၊ ဘာတွေ
ပေးလိုက်ရမယ်၊ ဘာတွေကူလိုက်ရမယ်ဆိုတဲ့ဟာမျိုးတွေ အတွေ့အကြုံရှိပါတယ်။
ဒီလူတွေကို လက်ခံပါ၊ ဒီလူတွေရဲ့ အကြံဉာဏ်ကိုယူပါ၊ ဒီလူတွေက ဒုက္ခရောက်နေတဲ့
လူတွေကို ကူညီပါရစေဆိုပြီး နိုင်ငံတကာက ဝိုင်းပြီးပြောနေကြတာပါ။ အခုလောလော
ဆယ်မှာတော့ အသက်မသေဘဲ ကျန်နေတဲ့လူတွေကို ရှာနေတာမျိုး လုံးဝမရှိပါဘူး။”

ဆက်စပ်သတင်းများ ...

XS
SM
MD
LG