သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာကတားနေတဲ့  ကြားကဆန္ဒခံယူပွဲကျင်းပ


ပြင်းထန်လှတဲ့ ဆိုင်ကလုံး မုန်တိုင်းဒဏ်ကြောင့် လူပေါင်း သောင်းနဲ့ချီပြီး သေဆုံးခဲ့ရမှု တွေ၊ သိန်းနဲ့ချီပြီး ကပ်ဘေးဒုက္ခ ကြုံတွေ့နေရတဲ့ အခြေအနေတွေကြောင့် မြန်မာ စစ်အစိုးရက ဦးစီး ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ ဥပဒေ မူကြမ်းကို ဆန္ဒမဲ ပေးရေး ကိစ္စ အချိန်ရွှေ့ပေးပါလို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ကရော NLD ပါတီကရော၊ မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေကရော မြန်မာ စစ်အစိုးရကို ပြောဆိုနေတဲ့ကြားကပဲ သတ်မှတ်ထားတဲ့ မေလ ၁၀ရက် စနေနေ့မှာ ဆန္ဒခံယူပွဲကို ကျင်းပခဲ့ပါတယ်။

မြန်မာ စစ်အစိုးရရဲ့ သတင်းမီဒီယာတွေမှာတော့ အခု ဥပဒေမူကြမ်းကို ထောက်ခံမဲတွေပဲ ပေးကြဖို့ နည်းမျိုးစုံနဲ့ ပြည်သူတွေကို အသိပေး လှုံ့ဆော်နေတာပါ။ မုန်တိုင်းထိခဲ့တဲ့ ၄၇မြို့နယ်ကလွဲပြီး စနေနေ့က ဆန္ဒခံ ယူပွဲတွေကို ကျင်းပခဲ့ပါတယ်။ အဲဒီ ၄၇မြို့နယ်ကိုတော့ မေလ ၂၄ရက်နေ့မှာ မဲပေးဖို့ ကြေညာထားပါတယ်။

ပြည်သူ့ ဆန္ဒခံယူပွဲဟာ မြန်မာ စစ်အစိုးရက ချမှတ်ထားတဲ့ ဒီမိုကရေစီ ဖေါ်ဆောင်ရေး လမ်းညွန် မြေပုံ ၇ဆင့်ထဲက အဆင့်တခု ဖြစ်ပါတယ်။ ပြည်သူတွေ ထည့်ခဲ့တဲ့ ဆန္ဒမဲတွေ က ဥပဒေမူကြမ်းကို ထောက်ခံသလား၊ ကန့်ကွက်သလားဆိုတာ မသိရသေးပေမယ့် လာမယ့် ၂၀၁၀ခုနှစ်ကျရင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပမယ်လို့တော့ စစ်အစိုးရက ကြိုတင် ကြေညာထားပါတယ်။ ြ

ပည်ပရောက် မြန်မာနိုင်ငံသားတွေနဲ့ မြန်မာပြည်တွင်းက တချို့ဒေသတွေမှာ ကြိုတင် ဆန္ဒမဲ ကောက်ယူမှုတွေကို လုပ်ခဲ့ပါတယ်။ ပြည်ပရောက် မြန်မာ အများစုကတော့ ကန့်ကွက်မဲတွေ ထည့်ခဲ့ကြပါတယ်။ မြန်မာပြည်တွင်းကကြိုတင်မဲတွေကိုတော့ ထောက်ခံမဲတွေ ထည့်ရေး အာဏာပိုင်တွေက စည်းရုံးတာတွေ ချိန်းချောက်အကျပ်ကိုင်တာတွေ လုပ်ခဲ့တယ်လို့ မဲထည့်ခဲ့ရတဲ့သူတွေကပြောကြပါတယ်။

စနေနေ့က ဆန္ဒခံယူပွဲ ကျင်းပခဲ့တယ် ဆိုပေမယ့် ပြည်သူအများစုကတော့ ဆန္ဒခံယူပွဲ ကိစ္စထက် လေမုန်တိုင်း ပြဿနာနဲ့ ကုန်ဈေးနှုန်း မြှင့်တက် နေတာတွေကိုပဲ စိတ်ဝင်စားနေကြပါတယ်။ သတ်မှတ်ထားတဲ့ ဥပဒေအရ မဲပေးသူ စုစုပေါင်းရဲ့တဝက်ကျော်က ထောက်ခံ တယ်ဆိုရင် အခြေခံ ဥပဒေမူကြမ်းက အတည်ဖြစ်မှာပါ။ စနေနေ့က မဲထည့် ခဲ့သူတွေထဲမှာ ကန့်ကွက်သူတွေက များသလား။ ထောက်ခံသူတွေက များသလားဆိုတာ မသိရ သေးပါဘူး။

မေလ ၂၄ရက်မှာ တကြိမ်ကျင်းပမယ့် ဆန္ဒမဲတွေနဲ့ ပေါင်းပြီးမှ ဆန္ဒမဲရလာဒ်ကို ထုတ်ပြန်မှာ ဖြစ်ပါတယ်။ စစ်အစိုးရက မဲလိမ်မှုတွေလုပ်လိမ့် မယ်ဆိုတဲ့ ယူဆချက်တွေဟာလည်း ဆန္ဒခံယူပွဲ မတိုင်ခင်ကတည်းက ပြည်သူတွေ အကြားမှာပြောဆိုနေကြတာပါရှင်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG