မြန်မာစစ်အစိုးရက ဦးဆောင်ရေးဆွဲခဲ့သလို အတည်ပြုနိုင်ဖို့ကိုလည်း ကြိုးစားနေတဲ့ ဖွဲ့စည်းပုံမူကြမ်းကို ထောက်ခံကြဖို့ အစိုးရအာဏာပိုင်တွေက အတင်းအကျပ် ဖိအားပေးလုပ်ဆောင်တာတွေ ပြုလုပ်နေပါတယ်။ မြန်မာ့နိုင်ငံ ရေးသမိုင်းတလျှောက် ကြမ်းတမ်းတဲ့အတွေ့အကြုံ၊ ခက်ခဲတဲ့ဖြတ်သန်းမှု တွေအကြား မြန်မာလူထုကတော့ ခေတ်နဲ့စနစ်တွေအပေါ်မှာ နှိုင်းယှဉ်ကာ ဝေဖန်ဆန်းစစ်ပြီး အကောင်းဆုံးစဉ်းစားချက်တွေနဲ့ စဉ်းစားဖို့ သခင်မကြီး ဒေါ်လှကြည် ခေါ် စာရေးဆရာမကြီး ကြည်ဦးရဲ့ တိုက်တွန်းချက်တွေကို ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ တင်ဆက်ထားပါတယ်။