ဒီတနင်္ဂနွေနေ့ဟာ အမေရိကန်ပြည်ထောင်စု အပါအ၀င် ကမ္ဘာတ၀န်းမှာ မိခင်များနေ့ Mother’s Day ကို ဆင်နွှဲကြမှာဖြစ်ပါတယ်။ မိခင်တွေရဲ့ ကျေးဇူးကို ဆပ်တဲ့အနေနဲ့ မိခင်တွေ၊ ဇနီးသည်တွေကို ဒီကနေ့မှာ စိတ်ချမ်းသာအောင် မိသားစုဝင်တွေက ၀ိုင်းဝန်းဂရုစိုက်ကြတဲ့နေ့ပါ။ ဒါပေမဲ့ စနေနေ့က နားဂစ်မုန်တိုင်းဒဏ်ခံခဲ့ ကြရတဲ့ မြန်မာမိခင်တွေနဲ့ အမျိုးသမီးတွေ ရင်ဆိုင်နေကြရတဲ့ အခက်အခဲတွေ အကြောင်းကိုတော့ ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ တင်ဆက်ထားပါတယ်။