မေလ ၁၀ ရက်နေ့က ကျင်းပခဲ့တဲ့ ဆန္ဒခံယူပွဲမှာ မဲဆန္ဒရှင်တွေက ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းကို တခဲနက်ထောက်ခံခဲ့ကြတယ်လို့ မြန်မာစစ်အစိုးရက ဒီကနေ့ ကြေညာလိုက်ပါတယ်။
မဲပေးခွင့်ရှိသူ ၂၂ သန်းရဲ့ ၉၉% က မဲဆန္ဒတွေ ပေးခဲ့ကြရာမှာ ၉၂.၄% က ထောက်ခံခဲ့ကြတယ်လို့ ဆန္ဒခံယူပွဲ ကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်တိုးက မြန်မာ့အသံက ဒီနေ့ကြေ ညာလိုက်တာ ဖြစ်ပါတယ်။
စစ်အစိုးရက စိတ်ကြိုက်ရွေးချယ်ထားတဲ့သူတွေက ရေးဆွဲခဲ့တဲ့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းကို ဆန္ဒခံယူပွဲ မကျင်းပခင်ကတည်းက ၂၀၁၀ ခုနှစ်ကျရင် အထွေထွေရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ စစ်အစိုးရက ကြေညာခဲ့ပြီး ဖြစ်ပါတယ်။
လူတွေ ထောင်သောင်းချီ သေဆုံးခဲ့ရတဲ့ သဘာဝဘေးအန္တရာယ် ကပ်ဆိုးကြီးနဲ့ ကြုံနေရတဲ့ အချိန် မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဦးစားမပေးဘဲ အာဏာတည်မြဲရေးကို ရှေ့တန်းတင်ပြီး ဆန္ဒခံယူပွဲ ကျင်းပခဲ့တဲ့ စစ်အစိုးရကို ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ကဲ့ရဲ့ ပြစ်တင် ရှုတ်ချနေကြဆဲ ဖြစ်ပါတယ်။