သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလေဘေး ဒုက္ခသည်များအရေး ကုလသမဂ္ဂနဲ့ အာဆီယံ အထူးကြိုးပမ်း


ကုလသမဂ္ဂ လူသားခြင်း စာနာထောက်ထားမှုကိစ္စရပ်များဆိုင်ရာအကြီးအကဲ မစ္စတာဂျွန်ဟုမ်းစ် (John Holmes) ကို ဆိုက်ကလုန်း မုန်တိုင်း ပြင်းပြင်ထန်ထန် တိုက်ခတ်ခံခဲ့ရတဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသကို မြန်မာစစ်အစိုးရက သွားရောက်ကြည့်ရှုခွင့်ပြုလိုက်တယ်လို့ ကုလသမဂ္ဂ တာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုချုပ် မစ္စတာဘန်ကီမွန်း (Ban Ki-moon) ကလည်း လာမဲ့ ဗုဒ္ဓဟူးနေ့မှာ မြန်မာနိုင်ငံကို သွားရောက်ပြီး ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသဘက်ကိုလည်း သွားရောက်မယ် ကြည့်ရှုမယ်လို့ ပြောဆိုပါတယ်။

ကုလသမဂ္ဂဘက်က အခုလို ဆောင်ရွက်မှုတွေ ပြုလုပ်နေတဲ့ တချိန်ထဲမှာပဲ အာဆီယံ အဖွဲ့ကြီးကလည်း မြန်မာ့အရေးအရေးပေါ်အစည်းအဝေးတရပ်ကို မေလ (၁၉) ရက်နေ့မှာပဲ ပြုလုပ်ခဲ့ပါတယ်။ အာဆီယံရဲ့ အစည်းဝေး ဆုံးဖြတ်ချက်အရ ကုလသမဂ္ဂနဲ့ နိုင်ငံတကာရဲ့ အကူပေးရေးကိစ္စတွေကို အာဆီယံက ကိုင်တွယ် ဆောင်ရွက်သွားမယ်လို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဂျော့ချ်ရိုး (George Yeo) က ပြောဆိုလိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG