ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ မိဘမဲ့ကလေးတွေနဲ့ ခိုကိုးရာမဲ့ အမျိုးသမီး အိပ်ချ်အိုင်ဗွီ - အေအိုင်ဒီအက်စ် ဝေဒနာရှင်တွေကို ကိုယ်ထူကိုယ်ထ တနိုင်တပိုင် စောင့်ရှောက်ပေးနေတဲ့ SAW လို့ခေါ်တဲ့ အမျိုးသမီးများအတွက် လူမှုစောင့်ရှောက်ရေးအဖွဲ့ကို UNDP ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအေဂျင်စီကနေ ဒီနှစ်အတွက် Red Ribbon ဖဲကြိုးနီဆုရှင်အဖြစ်နဲ့ ရွေးချယ်လိုက်ပါတယ်။ အကြောင်းစုံကို ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်း က တင်ပြထားပါတယ်။