သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုင်ငံ စီချွမ်ပြည်နယ် ငလျင်ထပ်လှုပ် တဦးသေ ၂၀၀ဒဏ်ရာရ


ဒီကနေ့မှာလဲ တရုတ်နိုင်ငံစီချွမ်းပြည်နယ်မှာ အင်အား (၅ဒဿမ၈) မက်ဂနီကျု ရှိတဲ့ ငလျင် လှုပ်ခတ်ခဲ့တာကြောင့် အနည်းဆုံး လူတဦး သေဆုံးခဲ့ပြီးတော့ လူပေါင်း (၂၆၀)လောက် ဒဏ်ရာတွေ ရရှိသွားခဲ့တယ်လို့ တရုတ်သတင်းမီဒီယာတွေက ကြေညာခဲ့ပါတယ် ။ ပြီးခဲ့တဲ့ သီတင်း တစ်ပတ်ကျော် က လှုပ်ခတ်သွားခဲ့တဲ့ တရုတ်နိုင်ငံ စီချွမ်းပြည်နယ် အလယ်ပိုင်းမှာရှိနေတဲ့ တာတမံပေါင်း (၇၀)နီးပါး ဟာ ငလျင်ဒဏ်ကြောင့်အပြင် လာမယ့်ရက်တွေအတွင်း မိုးသည်းထန်စွာ ဒီဒေသမှာ ရွာသွန်းဖို့ ရှိတာကြောင့် ပြိုကျပျက်စီးနိုင်မယ့် အန္တရယ်တွေရှိနေတယ်လို့ တရုတ်နိုင်ငံ ရေအရင်းအမြစ် ဝန်ကြီး ဌာနက ဒီကနေ့ သတိပေးကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

ဒီကနေ့ ညနဲ့ တနင်္လာနေ့ ကစပြီး မုတ်သုန်မိုးတွေ သည်းသည်းထန်ထန် ရွာသွန်းပြီး တောင်ကျရေတွေလည်း ကျဆင်းလာ နိုင်တယ်လို့ တရုတ် မိုးလေဝသ ဗျူရိုက မနေ့က ကြေညာထားခဲ့ပါတယ်။ မိုးရွာသွန်းမှုကြောင့် စီချွမ်းပြည်နယ်က ငလျင်ဒဏ်သင့် ဒုက္ခသည် ငါးသန်းနီးပါးအတွက် အမိုးအကာတွေ တည်ဆောက်ရေး အဟန့်အတားတွေ ဖြစ်လာပြီး တောင်ပြိုကျမှု ရွှံ့မြေတွေ လွှမ်းမိုးမှုတွေလည်း ဖြစ်ပေါ်လာနိုင်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG