သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တည်ဆဲဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းခွင့်မရှိ


၂၀၀၃ ခုနှစ် မေလ ၃၀ ရက်၊ ဒီပဲယင်းအရေး
အခင်း ဖြစ်ပြီးကတည်းက အာဏာပိုင်တွေ ဖမ်းဆီး
ထားတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်
ဆန်းစုကြည်ရဲ့ နေအိမ်အကျယ်ချုပ်သက်တမ်းဟာ
မနက်ဖြန် မေလ ၂၇ ရက်နေ့မှာ ၅ နှစ်ပြည့်တော့
မှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို
အာဏာပိုင်တွေက ဆက်ပြီး ချုပ်နှောင်ထားမယ်
ဆိုရင် ဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့
အန်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောဆိုလိုက်ပါတယ်။ အသေးစိတ်ကို
ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေအရ ရုံးတင်စစ်ဆေးတာမျိုး မရှိဘဲနဲ့ ၅ နှစ်အထိပဲ
လူတယောက်ကို ချုပ်နှောင်နိုင်တယ်ဆိုပြီး ဥပဒေကြောင်းအရ ပြောဆိုနေတာတွေ
ရှိပါတယ်။ ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်အကျယ်ချုပ်သက်တမ်း
၅ နှစ်ပြည့်တော့မယ့်အချိန်မှာ လွတ်မြောက်နိုင်တဲ့ အခြေအနေ တွေ့ရပါသလားဆိုပြီး
အန်န်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းကို မေးကြည့်ခဲ့ပါတယ်။

“ကျနော်တို့ ဘာမှတော့ မတွေ့ဘူး။ ဥပဒေအရတော့ ၅ နှစ်ပြည့်ပြီဖြစ်တဲ့အတွက် ဆက်လက်ချုပ်နှောင်ဖို့ ဥပဒေအရ မရပါဘူး။ မနက်ဖြန် ၂၇ ရက်နေ့ညနေမှာ
နောက်ဆုံးသက်တမ်း ပြည့်မှာပါ။ ဆက်ပြီးထိန်းသိမ်းထားမယ်ဆိုရင်တော့ ဒါ ဥပဒေကို
ချိုးဖောက်ပြီး ထိန်းသိမ်းတာပဲဖြစ်ပါတယ်။”
ဦးဉာဏ်ဝင်း ပြောပြသွားခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရှေ့နေများကောင်စီ (BLC) ရဲ့ အထွေထွေအတွင်းရေးမှူး ဦးအောင်ထူးက
တော့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက ၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောင့်
ယှက် ဖျက်ဆီးသူများ၏ အန္တရာယ်မှ ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေအရ ဖမ်းဆီး ထားတာဖြစ်ပေမယ့် စဖမ်းကတည်းက ဒီဥပဒေနဲ့ မညီဘူးလို့ အခုလို ထောက်ပြပါ
တယ်။

“အဲဒီဥပဒေ အခန်း ၃ မှာ ဘာဖော်ပြထားလဲဆိုတော့ ပုဒ်မ ၇ အရ နိုင်ငံသားတဦးဟာ နိုင်ငံတော်အချုပ်အခြာအာဏာနဲ့ နိုင်ငံတော်လုံခြုံရေးကို ဖြစ်ဖြစ်၊ အများပြည်သူ အေးချမ်းသာယာရေးကိုဖြစ်ဖြစ် ထိပါးမယ့် ပြုလုပ်မှုတခုကို ပြုလုပ်ခဲ့တယ်၊ ပြုလုပ်နေ
တယ်၊ ဒါမှမဟုတ် ပြုလုပ်တော့မယ်လို့ ယုံကြည်ရတဲ့ အကြောင်းရှိရင် အဲဒီလူရဲ့ မူလ အခွင့်အရေးတရပ်ကို ရုပ်သိမ်းနိုင်တယ်။ လိုအပ်သလို ကန့်သတ်မိန့် ချမှတ်နိုင်တယ်၊ ဒီလိုဖော်ပြထားတာဖြစ်တယ်။

“အဓိကအားဖြင့်တော့ ဒီဥပဒေရဲ့သဘာဝက နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ လုံခြုံ
ရေးကို ကာကွယ်စောင့်ရှောက်ဖို့က လိုအပ်တယ်။ လူတယောက်က အဲဒါကို အနှောင့် အယှက်ပေးတော့မယ်လို့ အာဏာပိုင်တွေက ယုံကြည်တယ်ဆိုတဲ့ အခါမျိုးတွေမှာ လုပ်ခွင့်ရှိတယ်ဆိုတဲ့ သဘောမျိုးကို ဥပဒေက ပြဋ္ဌာန်းထားခြင်းဖြစ်တယ်။

“ဒါပေမယ့် အခု ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းတဲ့ကိစ္စမှာ ဒီဥပဒေကို စဖမ်းကတည်း
က ဆန့်ကျင်နေတယ်။ ဒေါ်အောင်ဆန်းစုကြည်က တခုခုလုပ်ဖို့ ကြိုးစားနေတဲ့အပေါ်
မှာ သံသယဖြစ်လို့ ဖမ်းဆီးတာမျိုး လုံးဝမဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်က ဒီပဲယင်းကိစ္စနဲ့ပတ်သက်ပြီး လူထုစည်းရုံးရေးခရီးစဉ် ထွက်နေစဉ်အတောအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ပါတဲ့ ကားတန်းကြီးကို အတင်းအကျပ် အကြမ်းဖက် အရိုက်ခံ
ရ၊ အထုနှက်ခံရ၊ လုပ်ကြံခံနေရဆဲ အတောအတွင်းမှာ အဖမ်းခံလိုက်ရတာဖြစ်တယ်။

“ဒေါ်အောင်ဆန်းစုကြည်က ဒီပဲယင်းဖြစ်ရပ်ကြီးမှာ နစ်နာလိုက်တဲ့၊ ပြစ်မှုကျူးလွန်ခံ
လိုက်ရတဲ့၊ ဆုံးရှုံးတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်တယ်။ သူက တခုခုလုပ်ဖို့ ကြိုးစားတာ
မဟုတ်ဘူး။ အဲတော့ သူ့အခွင့်အရေး ဆုံးရှုံးသွားတယ်၊ ထိခိုက်နစ်နာသွားတယ်၊
ကံကောင်းလို့ အသက်မသေဘဲ ကျန်တာဖြစ်တယ်။ ဒါကြောင့် စဖမ်းကတည်းက
ဒီဥပဒေနဲ့ လုံး၀ အကြုံးမဝင်ဘူး။”

ဒီဥပဒေရဲ့ ပုဒ်မ ၁၀ အရ အရေးယူခံရတဲ့သူကို တကြိမ်မှာ ရက်ပေါင်း တနှစ်ထက်မပိုဘဲ
ထပ်ပြီး ချုပ်ရက်သက်တမ်း တိုးနိုင်တယ်ဆိုပေမယ့် အကြောင်းပြချက်ပေးရတယ်လို့
ဦးအောင်ထူးက ပြောပါတယ်။ ဖမ်းဆီးခံထားရသူ ပုဂ္ဂိုလ်ဟာ အပြင်မှာ လွှတ်လိုက်မယ်
ဆိုရင် နိုင်ငံတော်အချုပ်အခြာကို ထိခိုက်နိုင်တယ်ဆိုပြီး သူ့ရဲ့လုပ်ဆောင်ချက်တွေအရ အချက်အလက်ခိုင်မာမှ ဆက်လက်ချုပ်ခွင့် တင်ရတာဖြစ်တယ်လို့ ပြောပါတယ်။

“အခု ဒေါ်အောင်ဆန်းစုကြည်က အိမ်ထဲမှာ အချုပ်ခံနေရတဲ့ အတောအတွင်းမှာ သူမရဲ့ လုပ်ဆောင်ချက်က နိုင်ငံတော်အာဏာနဲ့ လုံခြုံရေးကို ထိပါးနိုင်စရာအကြောင်းရှိတယ်
လို့ တခါမှ သက်သေမပြနိုင်ခဲ့ဘူး။ ဘာတခုမှ အထောက်အထားလည်း မရှိဘူး။ အချက်
အလက်အရ တင်နိုင်တာ လုံးဝမရှိဘူး။ မတင်ဘဲနဲ့ တောက်လျှောက်ဖမ်းချုပ်ထား
တယ်။ နောက် တနှစ်ပြီးတနှစ် သက်တမ်းတိုးတာလည်း လက်ရှိတည်ဆဲဥပဒေနဲ့
ဆန့်ကျင်တယ်။

“နောက်ဆုံးတချက်အရ ပြောမယ်ဆိုရင် အခုတည်ဆဲဥပဒေအရ ရက်ပိုင်းအတွင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားတဲ့ကာလက ၅ နှစ်ပြည့်သွားပြီ။ ဒါကြောင့်
ဒီဥပဒေအရ လုံး၀ ဖမ်းချုပ်ထားစရာအကြောင်း မရှိဘူး။ ၅ နှစ်အထိ ချုပ်ထားတာကို
က မတရားချုပ်နှောင်မှုဖြစ်နေပြီ။ အဲတော့ ၅ နှစ်ပြည့်တဲ့အချိန်မှာ လုံးဝလွှတ်ပေးဖို့
တာဝန်ရှိတယ်။ လွှတ်မပေးဘဲနဲ့ ဆက်ချုပ်ထားတယ်ဆိုရင်တော့ လက်ရှိအာဏာပိုင်
တွေဟာ လက်ရှိတည်ဆဲဥပဒေကို ချိုးဖောက်တဲ့ပုဂ္ဂိုလ်တွေ၊ ရာဇဝတ်သားတွေ ဖြစ်
သွားမယ်။ မတရား တားဆီးချုပ်နှောင်မှုကို ဆက်လက်ကျူးလွန်နေတဲ့ပုဂ္ဂိုလ်တွေ
ဖြစ်သွားမယ်။ သူတို့မှာ လုံးဝတာဝန်ရှိတယ်လို့ ကျနော်ပြောချင်တယ်။”

မြန်မာနိုင်ငံ ရှေ့နေများကောင်စီ (BLC) အထွေထွေအတွင်းရေးမှူး ဦးအောင်ထူး
ပြောပြသွားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG