သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာအလှူရှင်ညီလာခံမှာ ယုံကြည်မှုတည်ဆောက်


မေလ(၂၅) ရက်နေ့က မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ကုလသမဂ္ဂနဲ့ အာဆီယံတို့ ဦးဆောင်ကျင်းပခဲ့တဲ့ လေဘေး ဒုက္ခသည်များ အကူအညီ ပေးရေး ညီလာခံ အပြီး ကုလသမဂ္ဂအတွင်းရေးမှုချုပ်က မြန်မာဆိုင်က လုန်း မုန်တိုင်းအရေးမှာ မြန်မာစစ်အစိုးရနဲ့ နိုင်ငံ တကာတို့ အပြန်အလှန် ယုံကြည်မှုရှိရေးဟာ အထူးအရေးကြိးကြောင်း ပြောဆိုလိုက်ပါတယ်၊

ညီလာခံ အပြီး ထိုင်းနိုင်ငံကိုပြန်ရောက်စဉ် သတင်း ထောက်တွေကို ပြောဆိုခဲ့တာပါ၊ ဒါ့အပြင် နိုင်ငံတကာ က ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တွေကို မြန်မာနိုင်ငံ အတွင်း ၀င်ရောက်ခွင့်ပြုရေး၊ မုန်တိုင်း ဒဏ်အပြင်း အထန်ခံခဲ့ရတဲ့ နေရာတွေကို သွားရောက်ကူညီနိုင်ရေး၊ ကုလသမဂ္ဂ။ အာဆီယံနဲ့ မြန်မာစစ်အစိုးရ သုံးပွင့် ဆိုင် ပူးပေါင်းဆောင်ရွက်ရေး တို့ကိုလည်း မြန်မာ စစ်အစိုးရ က သဘောတူညီလိုက်တယ်လို့ ကုသမဂ္ဂအတွင်းရေးမှုးချုပ်က ဆိုပါတယ်၊

နိုင်ငံပေါင်း(၅၀) က တက်ရောက်လာတဲ့ အလှုရှင်ကိုယ်စားလှယ်တချို့ကတော့ မြန်မာစစ်အစိုးရ အနေနဲ့ သဘောတူညီထားချက်တွေကို ဘယ်လိုအကောင်အထည်ဖေါ်လုပ်ဆောင်ကြမလဲဆိုတာကို စိုးရိမ်ပူပန်မှုတွေရှိနေပါတယ်၊

တချိန်ထဲမှာပဲ (၂၅) ရက်နေ့ ညပိုင်းက ထိုင်းနိုင်ငံဘန်ကောက်မြို့မှာရှိတဲ့ မြန်မာသံရုံးအတွင်း မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် ပြည်ဝင်ခွင့်ဗီဇာလျှောက်ထားတဲ့ ရုံးခန်းကို ပိတ်ခဲ့ရပါတယ်၊ ဒီအတွက် မြန်မာနိုင်ငံတွင်းကို သွားရောက်ဘို့ ဗီဇာစောင့်ဆိုင်းနေတဲ့ နိုင်ငံတကာက အကူအညီ ပေးရေး အဖွဲ့တွေ ဘယ်လောက်ထ် ထပ်မံစောင့်ဆိုင်ကြရမယ်ဆိုတာတော့ မသိကြရသေးပါဘူး၊

ဆက်စပ်သတင်းများ ...

XS
SM
MD
LG