သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု ဆက်လက်ထိန်းသိမ်းထားခြင်း ကုလ အတွင်းရေးမှူးချုပ် စိတ်မကောင်းဖြစ်


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း
စုကြည်အား နေအိမ်အကျယ်ချုပ် ချထားမှု ဆဋ္ဌမ
နှစ် သက်တမ်းတိုးဖို့ စစ်အစိုးရက ဆုံးဖြတ်လိုက်တဲ့
အတွက် အကြီးအကျယ် စိတ်အနှောင့်အယှက်
ဖြစ်ရတယ်လို့ အမေရိကန်သမ္မတ ဂျော့ချ်ဘုရှ်
(George Bush) က ပြောပါတယ်။

အသက် ၆၂ နှစ်အရွယ်ရှိ မြန်မာ့အတိုက်အခံ
ခေါင်းဆောင်ဟာ လွန်ခဲ့တဲ့ ၁၈ နှစ်တာကာလ
အတွင်း ၁၂ နှစ်ကျော် နေအိမ်အကျယ်ချုပ် ချခံ
နေခဲ့ရပါတယ်။ မြန်မာ့နိုင်ငံရေးအကျဉ်းသား
အားလုံး လွှတ်ပေးပါ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊
တခြားသော ဒီမိုကရေစီအင်အားစုများ၊ တိုင်းရင်းသားအဖွဲ့အစည်းများနဲ့ နိုင်ငံရေး
စကားဆိုပါလို့ သမ္မတအိမ်ဖြူတော်က စစ်အစိုးရကို အင်္ဂါနေ့က တိုက်တွန်းလိုက်ပါ
တယ်။

ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ချထားမှု သက်တမ်းတိုးခြင်းဟာ
မြန်မာပြည်က နိုင်ငံရေးလွတ်လပ်ခွင့်အတွက် ဝမ်းနည်းစရာတရပ်ဖြစ်တယ်၊ ဒါပေ
မယ့် ဆိုင်ကလုံးလေပြင်းမုန်တိုင်းဒဏ် ခံလိုက်ရတဲ့ ဒုက္ခသည်များအတွက် ကယ်ဆယ် ထောက်ပံ့ရေးကိုတော့ ထိခိုက်စေမှာမဟုတ်ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဌာန
ကလည်း ကြေညာပါတယ်။

မြန်မာစစ်အစိုးရ တာဝန်ခံများ ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ မနေ့က
သွားရောက်ပြီးနောက် နေအိမ်အကျယ်ချုပ်ချထားမှု သက်တမ်းတိုးကြောင်း အသိပေး ပြောဆိုခဲ့ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က ဒေါ်အောင်ဆန်းစု
ကြည်ရဲ့အမှုက နိုင်ငံတကာအသိုင်းအဝိုင်းအဖို့ အလွန်အရေးအကြီးဆုံးနဲ့ အကြီး
အကျယ်စိုးရိမ်ရတဲ့ အမှုတွေထဲမှာ တခုအပါအဝင်ဖြစ်ကြောင်း ပြောဆိုပြီး
ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား နိုင်ငံရေးအကျဉ်းသားအားလုံး စောနိုင်သမျှစောပြီး လွတ်လာကြတာကို မြင်တွေ့ရရေး ကုလသမဂ္ဂက ဆက်လက်လုပ်ဆောင်သွားမယ်
လို့လည်း ကတိပြု ပြောဆိုသွားပါတယ်။

မြန်မာစစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်း
စုကြည်ရဲ့ အမှုကိစ္စကို ထည့်သွင်းဆွေးနွေးခြင်း မပြုခဲ့ဘူး၊ ဘာကြောင့်လဲဆိုတော့ သူ မြန်မာပြည်ကိုသွားရောက်တာဟာ နာဂစ်ဆိုင်ကလုံးမုန်တိုင်း ဘေးသင့်ခံရတဲ့အတွက် ကူညီဖို့ကိစ္စဖြစ်ပြီး နိုင်ငံရေးကိစ္စမဟုတ်လို့ ဆွေးနွေးခဲ့ခြင်းမပြုတာလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ရှင်းပြပြောဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG