နိုင်ငံတကာ အကူအညီပေး လုပ်သားတွေ အပေါ် ရပ်တည်ချက် လေသံ ပျော့သွားပြီး၊ နိုင်ငံတော်ပိုင် မီဒီယာတွေက ကူညီသူတွေဟာ မုန်တိုင်းသင့် ဘယ်ဒေသကို မဆို သွားနိုင်ပါတယ်လို့ ဆိုကြပါတယ်။
ပုဂ္ဂလိက အလှူရှင်တွေ ဟာလည်း ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ် ဒေသက မုန်တိုင်းဒဏ် ခံရသူတွေကို လွတ်လွတ်လပ်လပ် သွားလာ လှူဒန်း ကူညီနိုင်တယ်လို့ မြန်မာ့ အလင်းသတင်းစာက ဆိုပါတယ်။ အရင်တုံးကတော့ အာဏာပိုင်တွေ က အဲဒီ ဒေသကို မသွားဖို့ တားခဲ့ကြပါတယ်။
ကယ်ဆယ်ရေး လုပ်ငန်းတွေကို ကိုင်တွယ်ရာမှာ အစိုးရက သူပဲ လုပ်မယ်လို့ ပြောနေခဲ့တာကြောင့် သန်းပေါင်းများစွာသော ဒုက္ခရောက်နေသူတွေ အတွက် အများကြီး လိုအပ်နေတဲ့ အကူအညီပေးရေးဟာ နှေးကွေးခဲ့ရပါတယ်။
အရင်အပတ်က ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း မြန်မာနိုင်ငံကို သွားရောက်ပြီး နိုင်ငံခြား အကူအညီကို ဘယ်လို အခြေအနေမှ မကန့်သတ်ဘဲ ခွင့်ပြုမယ်ဆိုတဲ့ ကတိ အစိုးရဆီက ရရှိကတည်းက မုန်တိုင်းသင့်ဒေသကို သွားရောက်နိုင်တာ တိုးတက်မှု ရှိလာခဲ့ပါတယ်လို့ ကယ်ဆယ်ရေး ဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။
မုန်တိုင်းသင့် ပြည်သူတွေကို အကူအညီပေးမယ့် ပစ္စည်းတွေ တင်ထားတဲ့ ပြင်သစ် ရေတပ် သဘောၤဟာ စစ်အစိုးရက နိုင်ငံခြား စစ်သဘောၤ နဲ့ စစ်သားတွေ လက်မခံတဲ့အတွက်၊ ထိုင်းနိုင်ငံ ဖူးခက်မှာ သွားပြီး၊ ဗုဒ္ဒဟူးနေ့က ပစ္စည်းချပါတယ်။