သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာအကူအညီ မပါဘဲ ကယ်ဆယ်ရေးနဲ့ ထူထောင်ရေး မဖြစ်နိုင်


ဧရာဝတီတိုင်းက မုန်တိုင်းဒဏ် အပြင်း
အထန်ခံစားခဲ့ရတဲ့ လူထုဟာ နိုင်ငံတကာ
ကလှူတဲ့ ချောကလက်တောင့်တွေ မစား
ရရင်လည်း ကိုယ့်အားကိုယ်ကိုး ရှင်သန်
နိုင်တယ်၊ မကြာခင်မှာဘဲ ပြန်လည်လန်း
ဆန်း ဖူလုံလာကြလိမ့်မယ်ဆိုပြီး မြန်မာ
အစိုးရအာဘော် မြန်မာ့အလင်းသတင်း
စာပါ ဆောင်းပါးတပုဒ်မှာ ဆိုထားပါတယ်။ မြန်မာနိုင်ငံကို အကူအညီပေးလုပ်ငန်းတွေ
အဓိက ဦးစီးဆောင်ရွက်နေတဲ့ ကုလသမဂ္ဂ
တာဝန်ရှိသူတဦးကတော့ အကူအညီတွေ လိုနေသေးတယ်ဆိုတာ ဘယ်လိုမှ သံသယ ဖြစ်စရာမရှိဘူးလို့ ဆိုပါတယ်။

ဒီအတောအတွင်းမှာပဲ ကုလသမဂ္ဂရဲ့ ကူညီကယ်ဆယ်ရေး လုပ်သားတွေကို ပြည်ဝင်
ခွင့်ဗီဇာတွေ အဟန့်အတားမရှိ ထုတ်ပေးလိုက်ပြီဆိုတဲ့ သတင်းတွေလည်း ထွက်လာ
ပါတယ်။ ဒီအကြောင်းတွေကို စုစည်းပြီး ဘန်ကောက်ရောက် ဗွီအိုအေဝိုင်းတော်သား ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

နိုင်ငံတကာက အကူအညီတွေ ပေးနေတာကို သတင်းစာဆောင်းပါးက ကျေးဇူးတင်
စကား ဆိုထားပေမယ့် မြန်မာပြည်သူတွေဟာ နိုင်ငံခြားအကူအညီ အထောက်အပံ့
တွေ မရပေမယ့်လည်း မိမိတို့ဘာသာ ရပ်တည်ထူမတ်နိုင်သူတွေ ဖြစ်ကြတယ်လို့
ဆိုထားပါတယ်။ ဒီအဆိုကို မြန်မာနိုင်ငံတွင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ အဓိက ဦးစီးဆောင်ရွက်နေတဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြား
ရေးမှူးနဲ့ ကိုယ်စားလှယ်ဖြစ်သူ မစ္စတာ ခရစ္စ ကေး (Mr. Chris Kaye) က သဘောမတူ
ပါဘူး။

“ကျနော် အဲဒီဘက်ကို မနေ့ကရောက်ခဲ့ပါတယ်။ အင်မတန်ကို ထင်ရှားပါတယ်။ ရွာ
နှစ်ရွာကို ကျနော်ရောက်ခဲ့ရာမှာ အဲဒီရွာတွေက လူတွေဟာ အထိတ်တလန့် အခြေ
အနေမှာ ရှိနေကြဆဲပါ။ မုန်တိုင်းတိုက်ခတ်ပြီး ၂၄ ရက်ကြာပြီးတဲ့နောက်မှာတောင်မှ
သူတို့ရွာတွေကို ပြန်ဆောက်ရမယ့်လုပ်ငန်းတွေ စတင်နိုင်အောင် သူတို့တွေ ရုန်းကန်
နေကြရဆဲ ရှိပါသေးတယ်။ အသက်မွေးဝမ်းကျောင်းအလုပ်တွေ ပြန်စနိုင်ဖို့ဆိုတာကို
ထားလိုက်ပါဦး။ ကျနော်တို့ ထောက်ပံ့နိုင်သမျှ အကူအညီအားလုံးကို သူတို့လိုအပ်ပါ
တယ်။ ဒါကို ဘယ်လိုနည်းနဲ့မှ ကျနော့်မှာ သံသယမရှိပါဘူး။” လို့ ခရစ္စ ကေးက
ပြောသွားပါတယ်။

သူပြောတာကို သဘောတူလက်ခံတဲ့ နောက်တဦးကတော့ အကူအညီပေးရေးလုပ်ငန်း
တွေကို ကိုယ်ထူကိုယ်ထ လုပ်ဆောင်နေတဲ့ ပြည်တွင်းက ပုဂ္ဂလိက အလှူရှင်တဦးပါ။ မုန်တိုင်းဒဏ်သင့်ထားတဲ့ လူထုဟာ ကိုယ့်ဘာသာ ရပ်တည်ရှင်သန်နိုင်ဖို့ လုံးဝကို မဖြစ်နိုင်သေးပါဘူးတဲ့။

“အခုလောလောဆယ် စားဖို့အတွက်တောင် ပြည့်ပြည့်၀၀ မရနိုင်သေးဘူး။ လက်ရှိ
ရန်ကုန်ဘက်က စေတနာရှင်တချို့ ပေးနေတာကလည်း လတ်တလော ပေးနေတဲ့
အချိန်ကာလမှာ စားနိုင်ရုံလောက်ပဲရှိတယ်။ ကျနော်တို့သွားတဲ့ဟာက နှစ်နပ်စာ၊
တရက်စာ အများဆုံးပေါ့။ သူတို့ ကျန်တဲ့ စားဖို့သောက်ဖို့အတွက် လနဲ့ချီပြီး ကြာမယ့်
ကိစ္စကိုး။ ကျနော်တို့လည်း အဲဒီလောက်အထိ ကြာကြာသွားမပေးနိုင်ဘူး။ ဘာဖြစ်လို့လဲ
ဆိုတော့ ကျနော်တို့ကိုယ်တိုင် ရန်ကုန်မှာလည်း လူတယောက်က အနည်းဆုံး သွပ် တချပ်လောက်တော့ လန်တာချည်းပဲ။ ကျနော်တို့လည်း ဒီထဲမှာ အပါအဝင်ပဲ။ ဒါပေ
မယ့် ကျနော်တို့က ကိုယ့်ထက်ဆိုးတဲ့ လူတွေရှိလို့ သွားပေးတာ။

“နိုင်ငံတကာကလည်း မြန်မာပြည်မှာ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ဒုက္ခသည်တွေနဲ့
ပတ်သက်ပြီး အာဏာပိုင်တွေဘက်က ပြည့်ပြည့်၀၀ မလုပ်နိုင်တဲ့အတွက် နိုင်ငံတကာ
ကလည်း ဒီ့ထက်ချမ်းသာတဲ့လူတွေက ကျနော်တို့ဆီကိုလာပေးတာ။ ဒါပါပဲ၊ သေချာ ပေါက်လိုအပ်နေပါတယ်။ နောက်ထပ် အများကြီးလိုအပ်နေပါသေးတယ်။”

ဒီအတောအတွင်းမှာပဲ ကုလသမဂ္ဂရဲ့ အကူအညီပေး လုပ်သားတွေအတွက် အရင်က
ဆိုင်းငံ့ထားခဲ့တဲ့ ပြည်ဝင်ခွင့်ဗီဇာတွေအားလုံးကို မြန်မာအာဏာပိုင်တွေက အတည်ပြု ပေးလိုက်ပြီဆိုတဲ့ သတင်းတွေ ထွက်လာပါတယ်။ ဒါကို WFP ရဲ့ မစ္စတာ ခရစ္စ ကေးက အတည်ပြုပါတယ်။

“ဟုတ်ပါတယ်။ ကျနော်ရရှိတဲ့ သတင်းတွေအရဆိုရင်တော့ အရင်တုန်းက လျှောက်
ထားခဲ့တဲ့ ပြည်ဝင်ခွင့်ဗီဇာတွေကို ပြဿနာတခုခုမရှိဘဲ အတည်ပြု ထုတ်ပေးလိုက်
ပါပြီ။” လို့ဆိုပါတယ်။

မုန်တိုင်းဒဏ် အပြင်းအထန်သင့်ခဲ့ရတဲ့ ဧရာဝတီတိုင်းက ဒေသတွေဆီ ကုလသမဂ္ဂ
အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေကလူတွေ သွားခွင့်ရကြပြီဆိုပေမယ့် ဗျူရို
ကရေစီ ကြိုးနီစနစ် အတားအဆီးတွေကတော့ ရှိနေဆဲပါ။ ခရစ္စ ကေးဟာ ပြီးခဲ့တဲ့
ရက်ပိုင်းကမှ လပွတ္တာကို သွားရောက်ခဲ့ပြီး အဲဒီမှာ တညနေပြီးတဲ့နောက် မနေ့ည
ကမှ ရန်ကုန်ကိုပြန်ရောက်လာတာပါ။

“ဒါပေမယ့် လပွတ္တာကိုသွားတဲ့လမ်းမှာ စစ်ဆေးရေးဂိတ်ကို ဖြတ်နိုင်ဖို့အတွက် ခွင့်ပြု
မိန့် စာရွက်စာတမ်း လိုပါတယ်။ ခရီးသွားဖို့ ခွင့်မပြုခင်မှာ ကျနော်တို့ လိုက်နာလုပ်
ဆောင်ဖို့ အာဏာပိုင်တွေက ချမှတ်ထားတဲ့ ဗျူရိုကရေစီ ယန္တရားအဆင့်တွေကို
ဖြတ်သန်းရပါတယ်။ ဆိုတော့ မုန်တိုင်းဒဏ်သင့်ဒေသတွေဆီကို ရောက်ဖို့ ကားပေါ် တက်သွားလိုက်ရုံနဲ့ရတဲ့ လွတ်လပ်ခွင့်မျိုး ကျနော်တို့မှာ မရှိပါဘူး။” လို့ ကမ္ဘာ့စားနပ်
ရိက္ခာအဖွဲ့ (WFP) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးနဲ့ ကိုယ်စားလှယ်ဖြစ်သူ
မစ္စတာ ခရစ္စ ကေးက ပြောပါတယ်။

လေဘေးသင့်ပြည်သူတွေအတွက် ဘယ်သူမဆို၊ ဘယ်သူ့အတွက်မဆို၊ ဘယ်ဒေသမှာ
မဆို လွတ်လွတ်လပ်လပ် လှူဒါန်းနိုင်ပါတယ်လို့ အစိုးရအာဘော် သတင်းစာတွေမှာ
အခုရက်ပိုင်း ဆက်တိုက်ဖော်ပြလာပါတယ်။ ဒါပေမယ့် ပုဂ္ဂလိကအလှူရှင်တွေကို ခြိမ်းခြောက်တာတွေ၊ ဟန့်တားနှောင့်ယှက်တာတွေ စတဲ့သတင်းတွေကတော့
ထွက်လာနေဆဲပါ။

ဒါ့အပြင် မုန်တိုင်းဒဏ်သင့်ဒေသတွေမှာ ပြန်လည်ထူထောင်ရေးတွေ လုပ်နေတာကို
လည်း ဖော်ပြနေပေမယ့် မုန်တိုင်းဒဏ်သင့်သွားလို့ နေမရသေးတဲ့၊ ရေတွေပြည့်နေတဲ့ သူတို့ဒေသတွေဆီ လူတွေကို အတင်းအကျပ်ပြန်ခိုင်းတာတွေ၊ အဓမ္မအလုပ်ခိုင်းစေ
တာတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေကလည်း ထွက်နေပါတယ်။

ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ပုဂ္ဂလိကကုမ္ပဏီတွေက တာဝန်ယူ လုပ်
ဆောင်နေတဲ့ သတင်းတွေကိုလည်း ဖော်ပြနေပါတယ်။ တဖက်မှာတော့ ပြန်လည်
ထူထောင်ရေး လုပ်ငန်းတွေကို စစ်အစိုးရနဲ့ အကြောင်းအပေါင်းသင့်တဲ့ စီးပွားရေး
သမားတွေက လက်ဝါးကြီးအုပ်လိုက်တာကြောင့် လယ်သမားတွေ ထပ်ပြီး နစ်နာကြရ
ဦးမှာကို စိုးရိမ်မှုတွေကလည်း ပေါ်ထွက်နေပါတယ်။

ပြန်လည်ထူထောင်ရေးနဲ့ တည်ဆောက်ရေးလုပ်ငန်းတွေ လုပ်ဖို့အတွက် အမေရိကန်
ဒေါ်လာ သန်းပေါင်း ၁၁,၀၀၀ လိုမယ်လို့ မြန်မာစစ်အစိုးရက တောင်းခံထားပါတယ်။
ဒါပေမယ့် ဘာ့ကြောင့် ဒီငွေပမာဏလိုတယ်၊ ဘာတွေလုပ်မယ်၊ လိုအပ်တာတွေက
ဘာတွေ၊ ဘယ်လို အကောင်အထည်ဖော်မယ် စတဲ့ အသေးစိတ် တိုင်းတာစစ်ဆေး
ထားတဲ့ အချက်အလက်တွေ၊ ကျကျနနရေးဆွဲထားတဲ့ အစီအစဉ်တွေကို ပြောမထား
ပါဘူး။ ဒါ့ကြောင့်လည်း ဒီငွေပမာဏကို ကုလသမဂ္ဂနဲ့ အာဆီယံအပါအဝင် ဘယ်သူက
မှ အတည်ပြု လက်ခံထားတာလည်း မရှိသေးပါဘူး။ လက်ရှိအချိန်မှာ ကူညီကယ်ဆယ် ရေးလုပ်ငန်းတွေအတွက် သက်သက် ကုလသမဂ္ဂက မေတ္တာရပ်တောင်းခံထားတဲ့ ငွေ
ပမာဏဟာ အမေရိကန်ဒေါ်လာ ၂၀၁ သန်းဖြစ်ပြီး ဒီငွေပမာဏရဲ့ တဝက်နီးပါး
လောက်ကိုပဲ ရပါသေးတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန် ကီ-မွန်း (Ban Ki-moon) အပါအဝင် ကုလ
သမဂ္ဂ တာဝန်ရှိသူတွေ၊ ASEAN အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ တာဝန်ရှိသူတွေက
တော့ မုန်တိုင်းဒဏ်သင့်လူထုကို ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ မပြီးသေးဘူး၊
အနည်းဆုံး နောက်ခြောက်လလောက်တော့ ဆက်သွားရဦးမယ်၊ လက်ရှိအဆင့်ဟာ ပြန်လည်ထူထောင်ရေးအဆင့် မရောက်သေးဘူးလို့ ပြောဆိုနေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG