သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းဒုက္ခသည်များအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဒေါ်လာသန်းပေါင်းများစွာ သုံးစွဲမည်


မြန်မာနိုင်ငံမှာ ဆိုင်ကလုံးလေမုန်တိုင်း
ဒဏ်ခံလိုက်ရတဲ့ ဒေသများအတွက် ဒေါ်လာသန်းပေါင်းများစွာ အကုန်ခံပြီး
WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်နဲ့ လုပ်ကိုင်မယ့်အေဂျင်စီများက ကျန်းမာ
ရေး စောင့်ရှောက်မှုလုပ်ငန်းများ
လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံက ကျန်းမာရေးစောင့်ရှောက်
မှုလုပ်ငန်း ၅၀% လောက် ပျက်စီးသွားလို့
အဲဒီငွေများနဲ့ လာမယ့် ၆ လမှာ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်သွားမယ်လို့ WHO က ကြာသပတေးနေ့မှာ
ကြေညာပါတယ်။

လေဘေးဒုက္ခသည် ၂,၄၀၀,၀၀၀ လောက်ဟာ သောက်ရေ၊ အစားအစာနဲ့ ဆေးဝါး
များ မရကြသေးလို့ ကူးစက်ရောဂါများ ဖြစ်ပေါ်မလာရေးကိုလည်း ကြိုးပမ်းသွားမယ်
လို့ WHO ကဆိုပြီး လုပ်ငန်းတခုလုံးအတွက် ဒေါ်လာ ၂၈ သန်း လိုအပ်လိမ့်မယ်လို့
တာဝန်ခံများက ထုတ်ဖော်ပြောဆိုပါတယ်။

ကုလသမဂ္ဂ ကယ်ဆယ်ရေးဝန်ထမ်း အားလုံးအပါအဝင် နိုင်ငံခြားကျွမ်းကျင်သူ
အတော်များများအား စစ်အစိုးရက မြန်မာနိုင်ငံတွင်း ဝင်ခွင့်ဗီဇာများ ပိုမိုထုတ်ပေး
နေပြီဖြစ်ကြောင်း ထောက်ပံ့ရေးအေဂျင်စီများက ဆိုပါတယ်။

လေမုန်တိုင်းကြောင့် မြန်မာနိုင်ငံရဲ့ အဓိကစပါးစိုက်ပျိုးရာ ဧရာဝတီတိုင်း ပျက်စီးသွား
လို့ စားနပ်ရိက္ခာအထောက်အပံ့ အနည်းဆုံး တနှစ်လိုအပ်လိမ့်မယ်လို့ FAO ကမ္ဘာ့
စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့က ဆိုပါတယ်။ မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေး
အတွက် နိုင်ငံခြားအထောက်အပံ့ ဒေါ်လာ ၁၁ ဘီလီယံပေးကြဖို့ စစ်အစိုးရက
တောင်းခံထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG