သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုင်ငံ ငလျင် နောက်ဆက်တွဲ ရေကြီးမှု အန္တရာယ်ကြောင့် လူတွေကို ဘေးကင်းရာရွှေ့ပြောင်း


တရုတ်နိုင်ငံမှာ ငလျင်ဒဏ်သင့်ခဲ့တဲ့ အနောက်တောင်ပိုင်းက ဆီရွှမ်ပြည်နယ်မှာ ငလျင်ကြောင့် ပေါ်ပေါက်တဲ့ ရေကန်တွေရဲ့ အန္တရာယ် မသေးတာကြောင့် အဲဒီဒေသကလူတွေကို အာဏာပိုင်တွေက ရွှေ့ပြောင်း နေရာချထားနေပါတယ်။

ရေပြည့်နေတဲ့ တန်ဂျစ်စတန် ရေကန်အောက်ပိုင်းမှာနေထိုင်တဲ့ လူ ၂ သိန်းလောက်ကို ဒီကနေ့ပဲ ကုန်းမြင့်ရာကို ရွှေ့ပြောင်းနေပြီလို့ ဆင်ဟွာ အစိုးရသတင်းဌာနက ကြေညာပါတယ်။

တကယ်လို့သာ ရေကြီးတာ၊ ငလျင်သေးသေးလေးတွေ ထပ်လှုပ်တာတွေကြောင့် အဲဒီ ရေကန်ကြီးတွေ လျှံကျရင်တော့ လူ ၁ သန်းကျော်အတွက် အန္တရာယ် ရှိနိုင်ပါတယ်။ ရေကန်ကိစ္စကို ကိုင်တွယ်နေတဲ့ လုပ်သားတွေဟာ ဒီကနေ့မှာပဲစပြီးတော့ လူတွေကို ရဟတ်ယာဉ်တွေနဲ့ ရွှေ့ပြောင်းမှုတွေ လုပ်နေတယ်လို့လည်း နောက်သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG