သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ငလျင်ကြောင့် သေဆုံးခဲ့ရသော ကလေးများကိစ္စ မိဘများ ဒေါသထွက်


ကလေးတွေအပေါ်ကို ပြိုကျလာတဲ့ ကျောင်းတွေရဲ့ ခိုင်ခန့်မှု၊ ထိန်းသိမ်းမှု စံနှုန်းတွေ ပြည့်မပြည့်ဆိုတာကို စစ်ဆေးဖို့ အာဏာပိုင်တွေဖက်က အဂတိလိုက်စားလာခဲ့ကြတယ် ဆိုပြီးတော့ မိဘအတော်များများက သံသယ ဖြစ်နေခဲ့ပါတယ်။

ကျူရန်းမြို့က ပြိုကျပျက်စီးသွားတဲ့ အလယ်တန်း ကျောင်းတကျောင်းမှာ အခဲမကျေ ပူဆွေးနေကြတဲ့ မိဘတွေ မနေ့က စုရုံးခဲ့ပါတယ်။ အဲဒီမှာ ကလေး အကြွေးဆိုတဲ့ ဆိုင်းပုဒ်ကို တင်ပြီးတော့ အခုပြိုကျခဲ့တဲ့ ကျောင်းအဆောင် ကိစ္စ အာဏာပိုင်တွေမှာ တာဝန်ရှိတယ်လို့ သူတို့က တောင်းဆိုပါတယ်။ ဒီကျောင်းတွေ ဆောက်လုပ်ရေးမှာ အသုံးပြုခဲ့တဲ့ သံမဏိတိုင်တွေဟာ အလွန်ပါးလှပ်လွန်းတယ်ဆိုတာကို အစိုးရစစ်ဆေးရေးမှူး တဦးက တွေ့ရှိခဲ့တယ်လို့ စင်ဟွာသတင်းက ကြေညာခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG