Freedom of expression လို့ခေါ်တဲ့ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်ဟာ လူတိုင်းရဲ့ မွေးရာပါ အခွင့်အရေးတရပ် ဖြစ်ပေမဲ့၊ အာဏာရှင်အစိုးရတွေလက်အောက်မှာ နေထိုင်နေကြရတဲ့ နိုင်ငံသားတွေအတွက်ကတော့ အခုလို ထုတ်ဖော် ပြောကြားနိုင်ဖို့က သတ္တိရှိမှပဲ ဖြစ်မှာပါ။ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ သုံးပတ်ကျော်က တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းကာလအတွင်း ကိုယ်တိုင်အတွေ့ အကြုံတွေကို သတင်းမီဒီယာတွေနဲ့ ဆက်သွယ်မေးမြန်းခန်းအတွင်း ထုတ်ဖော်ပြောကြားခဲ့ကြသူ တွေထဲမှာ အမျိုးသမီးတွေလည်း ပါဝင်ခဲ့ကြတာမို့လို့ သူတို့တတွေရဲ့ ပြောပြချက်တွေကို ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ တင်ဆက်ထားပါတယ်ရှင်။