သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ထောက်ပံ့ရေးလေယာဉ် အခေါက်တရာမြောက် မြန်မာပြည်သို့ ပို့ဆောင်ပြီး


ပြီးခဲ့တဲ့ အပတ်ကုန်မှာ မြန်မာနိုင်ငံကို အခေါက် ၁၀၀ မြောက် အဖြစ် ကယ်ဆယ်ရေးပစ္စည်းတွေ သယ်ယူ ပျံသန်းပေးခဲ့တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန က ပြောပါတယ်။ မုန်တိုင်းကြောင့် လူပေါင်း ၁၃၄၀၀၀ သေဆုံး ဒါမှမဟုတ် ပျောက်ဆုံးခဲ့ပါတယ်။

မြန်မာနိုင်ငံကို မက်ထရစ် တန်ပေါင်း ၈၉၇ တန် အကူအညီ ပစ္စည်းတွေ အမေရိကန် က ပို့ခဲ့ပြီးဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ က မနေ့က ဆိုပါတယ်။ ဒါပေမဲ့၊ အမေရိကန် ရေတပ်သဘောၤ ၄ စင်းကတော့ မြန်မာ့ကမ်းလွန် ပင်လယ်ပြင်မှာ ရပ်စောင့်နေရပြီး၊ ကမ်းကပ်ခွင့် မရသေးပါဘူးလို့ သူက ဆက်ပြောပါတယ်။

တနင်္ဂနွေနေ့မှာတော့ အမေရိကန်ကာကွယ်ရေး ဝန်ကြီး ရောဘတ် ဂိတ် (Robert Gates) က မြန်မာစစ်အစိုးရ ဟာ ရာဇဝတ် ကြောင်းသင့်တဲ့ လျစ်လျူပြုမှု ကို ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။ နိုင်ငံခြား အကူအညီအပေါ် ကန့်သတ်ထားတာတွေ ကို ဖယ်ရှားမပစ်ခဲ့ရင်၊ လူတွေ ပို သေကြလိမ့်မယ်လို့ သူ က ပြောပါတယ်။ ရေတပ်သဘောၤတွေကို ပြန်ခေါ်ဖို့ မကြာမီ ဆုံးဖြတ်မယ် လို့ ဆိုပါတယ်။

မုန်တိုင်းဘေးအန္တရယ် တုံ့ပြန်ခဲ့ပုံ နဲ့ ပတ်သက်ပြီး စစ်အစိုးရကတော့ လုပ်ဆောင်ချက်တွေ ကို တနင်္ဂနွေနေ့ က ကာကွယ်ပြောဆိုသွားခဲ့ပါတယ်။

မေလ ၃ ရက်နေ့ မှာ ကျခဲ့တဲ့ မုန်တိုင်းဘေးအန္တရာယ်ကို အာဏာပိုင်တွေ က ချက်ချင်း တုံ့ပြန်ဆောင်ရွက်ခဲ့ပြီး၊ နိုင်ငံခြား အကူအညီတွေကို ဘယ်လို သတ်မှတ်ချက် မထားဘဲ ကြိုဆိုခဲ့ပါတယ်လို့ စစ်အစိုးရ ရဲ့ ဒု ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်အေးမြင့် က ဆိုပါတယ်။

စစ်အစိုးရဟာ မုန်တိုင်းကျပြီး ရက်သတ္တပတ် အတော်ကြာမှ နိုင်ငံခြား အကူအညီကို အကန့်အသတ် နဲ့ လက်ခံခဲ့ပါတယ်။ လူပေါင်း ၂ သန်း ကျော်ဟာ အစားအစာ၊ ရေ။ နဲ့ အမိုးအကာ တွေ လိုအပ်နေခဲ့ပါတယ်။

မုန်တိုင်းကျပြီးကတည်း က ပိတ်ထားခဲ့တဲ့ ကျောင်းတွေ ကို တနင်္လနေ့ မှာ စဖွင့်ပါတယ်။ ဒါပေမဲ့ လေဘေးသင့် ဒေသတချို့ က ကျောင်းတွေ ကို ဖွင့်ဖို့ နောက်တစ်လ ရွှေ့ထားပါတယ်။ မုန်တိုင်းကြောင့် ဆိုးဆိုးရွားရွား ပျက်စီးသွားတဲ့ ဒေသတွေမှာ ကျောင်း ၈၀ % ကနေ ၉၀ အထိ ပျက်စီးသွားခဲ့တယ်လို့ ကုလသမဂ္ဂ ကလေးများ ရံပုံငွေ အဖွဲ့ UNICEF က ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG