သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုဘားမား ဒီမိုကရက်ပါတီ သမ္မတလောင်းဖြစ်ဖို့သေချာ


အမေရိကန်ပြည်ထောင်စုက အထက်လွှတ်တော်အမတ် Barack Obama ဟာ ဒီမိုကရက်ပါတီရဲ့ သမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းနိုင်ပြီလို့ ကြေညာလိုက်ပါတယ်။

အသက် ၄၆ နှစ်အရွယ် အီလီနွိုင်း ပြည်နယ် အထက်လွှတ်တော်အမတ် Barack Obama ဟာ မနေ့က အမေရိကန်ပြည်ထောင်စု အနောက်ဘက် အလယ်ပိုင်း Minnesota ပြည်နယ် စိန့်ပေါ်လ်မြို့ မှာ ထောင်နဲ့ချီတဲ့ လူအုပ်ကြီးကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။ သူမိန့်ခွန်းပြောကြားခဲ့တဲ့ ခန်းမ ဆောင်ဟာ လာမယ့် စက်တင်ဘာလ ရစ်ပန်ဗလင်ကန် ပါတီက သမ္မတလောင်းအဖြစ် အထက်လွှတ် တော်အမတ် John McCain ကို အမည်စာရင်းတင်သွင်းမယ့် ညီလာခံ ခန်းမဖြစ်ပါတယ်။

Barack Obama ဟာ အမေရိကန်ပြည်ထောင်စု အဓိက နိုင်ငံရေးပါတီက သမ္မတလောင်းအဖြစ် ကြေညာမယ်လို့ တွက်ဆရတဲ့ သမိုင်းမှာ ပထမဆုံး အာဖရိကနွယ်ဘွား အမေရိကန် လူမျိုး ဖြစ်ပါတယ်။

သူ့ရဲ့ပြိုင်ဖက်ဖြစ်တဲ့ အထက်လွှတ်တော်အမတ် Hillary Clinton ဟာ သန်းနဲ့ချီတဲ့ ပြည်သူတွေကို ဦးဆောင်နှိုးဆော်နိုင်စွမ်းရှိသူလို့ Barack Obama က ချီးကျုးပြောဆိုသွားပါတယ်။

အထက်လွှတ်တော်အမတ် Hillary Clinton ကလည်း နယူးယောက်မြို့မှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ Barack Obama ကို ချီးကျုးပြောဆိုပါတယ်။ ဒါပေမယ့်လည်း Hillary Clinton က သမ္မတလောင်း အမည်စာရင်းတင်သွင်းနိုင်ရေး အလျှော့ပေးလိုက်ဘို့တော့ ငြင်းဆိုပါတယ်။ အဆုံးသတ်ဆုံးဖြတ်ချက် မချခင် သူ့ကို ထောက်ခံသူတွေနဲ့ ဒီမိုကရက်ပါတီ အရာရှိတွေကို တိုင်ပင်မယ်လို့လည်း အထက် လွှတ်တော်အမတ် Hillary Clinton က ပြောပါတယ်။

XS
SM
MD
LG