သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းဒုက္ခသည်များ ယာယီစခန်းမှ ဖယ်ရှားမည်ကို အမေရိကန်စိုးရိမ်


မြန်မာနိုင်ငံမှာ လေပြင်းမုန်တိုင်းကျစဉ်
အသက်မသေ ရှင်ကျန်ခဲ့ကြတဲ့ လေဘေး ဒုက္ခသည်တွေကို ယာယီစခန်းကနေ
စစ်အစိုးရက ဖယ်ရှားနေတဲ့အတွက် အမေ
ရိကန်က စိုးရိမ်ကြောင်း ဖော်ပြလိုက်ပါ
တယ်။

အမေရိကန်နိုင်ငံ နိုင်ငံတကာဖွံ့ဖြိုးမှုအစီ
အစဉ် တာဝန်ခံ ကိုင်လူးက အဲဒီလို ဖယ်ရှားလိုက်မယ်ဆိုရင် လေဘေးဒုက္ခ
သည်တွေဟာ နိုင်ငံတကာ ကယ်ဆယ်ရေးပါရဂူများ သွားရောက်လုပ်ကိုင်လို့မရတဲ့
ဒေသများဆီ အတင်းအဓမ္မ ပြန်သွားခိုင်းတာ ဖြစ်လာလိမ့်မယ်လို့ ကြာသပတေးနေ့မှာ ပြောဆိုလိုက်ပါတယ်။

လေဘေးဒုက္ခသည်တွေကို သူတို့ရဲ့နေအိမ်တွေ ပျက်စီးသွားပေမယ့် အတင်းပြန်ခိုင်း
နေကြောင်း Amnesty International အဖွဲ့က အစီရင်ခံထားပြီး လူ့အခွင့်အရေးအဖွဲ့
များကလည်း စစ်တပ်က လေဘေးဒုက္ခသည်များအား အတင်းစိုက်ပျိုးခိုင်းတဲ့
အထောက်အထားများ တွေ့ရကြောင်း ကြေညာပါတယ်။

ဧရာဝတီတိုင်းကို ဆိုင်ကလုံးလေပြင်းမုန်တိုင်း တိုက်ခတ်သွားပြီးကတည်းက လေဘေး
ဒုက္ခသည် ၅၀၀,၀၀၀ လောက် စခန်းတွေမှာ ခိုလှုံနေကြရတယ်လို့ ကုလသမဂ္ဂက
ဆိုပါတယ်။ နိုင်ငံခြားကယ်ဆယ်ထောက်ပံ့ရေး ကျွမ်းကျင်သူ အလုပ်သမားများအား အကန့်အသတ်နဲ့သာ မြန်မာနိုင်ငံတွင်း ဝင်ခွင့်ပြုပြီး ဝင်ခွင့်ရပြန်တော့လည်း အထိနာ
တဲ့ ဧရာဝတီတိုင်းကို အများအားဖြင့် သွားခွင့်မပြုပါဘူး။

XS
SM
MD
LG