မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးနဲ့ လူ့အခွင့်အရေးအတွက် စွမ်းဆောင်ပေးနေသူ ထိုင်း-မြန်မာနယ်စပ်အခြေစိုက် မခင်ဥမ္မာကို ဆွီဒင်နိုင်ငံက Anna Lindh အမှတ်တရ ရံပုံငွေအဖွဲ့က ဒီနှစ်ဆုရှင်အဖြစ် ဒီသီတင်းပတ်အစောပိုင်းကပဲ ရွေးချယ်လိုက်ပါတယ်။ ထူးချွန်တဲ့ အမျိုးသမီးတွေကို ချီးမြှင့်တဲ့ ဒီဆုနဲ့ပတ်သက်လို့ အဖွဲ့ရဲ့ဥက္ကဋ္ဌလည်းဖြစ် ဆူဒန်နဲ့ ဒါဖောရေးရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ဖြစ်သူ သံအမတ် ယန် အယ်လီဆင် (Jan Elliason) ကို ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ်ရဲ့ အမျိုးသမီးရေးရာကဏ္ဍမှာ တင်ဆက်ထားပါတယ်။