အခု ကမ္ဘာမှာဖြစ်နေတဲ့ အစာအစာ ဈေးနှုန်းတိုးမြင့်လာတာတွေဟာ ဘိုင်အိုလောင်စာထုတ်လုပ်မှု ဆီဈေး မြင့်တတ်မှု လိုအပ်မှုကိုဖြည့်ဆည်းဖို့ ပို့ကုန်ဖြတ်တောက်ရပ်တန့်မှု ဈေးကွက်တင်းကြပ်မှုနဲ့ ရင်းနှီးမြုပ်နှံသူတွေရဲ့ ဈေးကစားမှုတွေ စတဲ့ အခြေအနေအကြောင်းကြောင့် ဖြစ်လာရတာပါ။
ဒီ အကြပ်အတည်းကိစ္စအတွက် အကြောင်းရပ်တခုချည်းပဲ အပြစ်တင်လို့မရဘူးလို့ ကျွမ်းကျင်သူအများက ပြောဆိုနေချိန်မှာပဲ၊ အခုလို ဈေးနှုန်းမြင့်တတ်တာတွေကြောင့် ဈေးကွက်တွေမှာ ကြိုရောင်း ကြိုဝယ်ပြီး စားသုံးကုန်တွေကို ဈေးကစားတာကြောင့်ဖြစ်တယ်လို့ အများစုက အပြစ်တင်ပါတယ်။
ဒီတော့ ဒီအပတ်မှာတော့ ဗီအိုအေသတင်းထောက် Aida Akl (A-kel) ကနေ စိုက်ပျိုးရေးထွက် စားသုံးကုန်ဈေးနှုန်းတွေ ဈေးတတ်လာတဲ့အကြောင်းမှာ ဈေးကွက်က ဈေးကစားတာ ဘယ်လောက်အထိ အရေးပါသလဲဆိုတာကို လေ့လာရေးသားထားကို တင်ပြပေးမှာပါ။