တိဘက်ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီး
ဒလိုင်းလားမားက မြန်မာနိုင်ငံအတွင်း နာဂစ်
မုန်တိုင်းဒဏ် ခံခဲ့ရတဲ့သူတွေအတွက် အိန္ဒိယရူပီးငွေ
၅၀၀,၀၀၀ လှူဒါန်းလိုက်ပါတယ်။ ဒီအလှူငွေကို အိန္ဒိယ နိုင်ငံအခြေဆိုက် အန်စီဂျီယူဘီ ပြည်ပရောက်အစိုးရ
အဖွဲ့ အဖွဲ့ဝင်ဝန်ကြီးတဦးဖြစ်တဲ့ ဒေါက်တာတင့်ဆွေက
တဆင့် ဒီနေ့ ပေးအပ်လိုက်တာဖြစ်ပါတယ်။
သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့ကို မထွက်ခွာခင်
ဘုန်းတော်ကြီး ဒလိုင်းလားမားက နယူးဒေလီမြို့
Radisson Hotel မှာ အလှူငွေကို ပေးအပ်တာဖြစ်ပါတယ်။ ဘုန်းတော်ကြီး ဒလိုင်း
လားမားဟာ အရင်ကလည်း မြန်မာနိုင်ငံအတွင်းက မုန်တိုင်းဘေးသင့် ဒုက္ခသည်တွေ
အတွက် အမေရိကန်ဒေါ်လာ ၅၀,၀၀၀ လှူဒါန်းခဲ့တဲ့အကြောင်း အဝေးရောက်တိဘက်
အစိုးရက ပြောပါတယ်။
ဒီနေ့ ထပ်မံလှူဒါန်းတာနဲ့ပတ်သက်လို့ အန်စီဂျီယူဘီ အဝေးရောက်အစိုးရအဖွဲ့ ဝန်ကြီး ဒေါက်တာတင့်ဆွေက အခုလို ပြောပြပါတယ်။
“တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားက မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်းဒဏ် ခံရတဲ့
အချိန်မှာပဲ အိုင်စီအာစီ နိုင်ငံတကာ ကြက်ခြေနီအသင်းကြီးကတဆင့် ဒေါ်လာ
၅၀,၀၀၀ ပေးလှူခဲ့တယ်လို့ ဒီနေ့ တိဘက် အဝေးရောက်အစိုးရအဖွဲ့ရဲ့ ဝန်ကြီးချုပ်က
ကျနော့်ကို ပြောပါတယ်။ အဲတော့ ဘုန်းတော်ကြီး ဒလိုင်းလားမား အခုလို ဘာကြောင့် ထပ်လှူသလဲဆိုတော့ နိုင်ငံတကာအကူအညီတွေဟာ တကယ်ပဲ မြန်မာပြည်သွားပေ
မယ်လို့ အခု ဒုက္ခရောက်တဲ့သူတွေ အပြည့်အ၀ မရောက်ဘူးဆိုတဲ့သတင်းတွေ
ကြားတဲ့အခါမှာ ဒီ ဘုန်းတော်ကြီး ဒလိုင်းလားမားက ထပ်ပြီး စေတနာပေါ်လာတဲ့
အတွက် တကယ့်ဒုက္ခရောက်တဲ့သူတွေဆီ ပို့ပေးနိုင်မလား၊ ပို့ပေးနိုင်ပါတယ်ဆိုတဲ့
ကတိစကားအရ ကျနော့်ဆီကတဆင့် လှူဒါန်းခြင်းဖြစ်ပါတယ်။ သူ့လှူဒါန်းမှုဟာ
စေတနာသုံးတန် ပြဋ္ဌာန်းပြီးတော့ လှူဒါန်းတဲ့သဘော ဖြစ်ပါတယ်။ လှူဒါန်းတဲ့နေရာမှာ
သူမေးတဲ့ မေးခွန်းသုံးခု ရှိပါတယ်။ ပထမအချက်ကတော့ မုန်တိုင်းပြီးတဲ့ မြန်မာပြည်ရဲ့ နောက်ဆုံးအခြေအနေ၊ နောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေနဲ့ ၂၀၀၇ ခုနှစ် စက်တင်ဘာအရေးအခင်းမှာ ကွယ်လွန်ဒုက္ခရောက်ခဲ့ကြတဲ့ သံဃာတော်တွေရဲ့ အခြေ
အနေသုံးရပ်ကို သူမေးပါတယ်။ ဒီဟာကို ကျနော် ကြိုးစားပြီး ရှင်းပြနိုင်ခဲ့ပါတယ်။
“ဒီအလှူဟာ ဘုန်းတော်ကြီးက လှူတာဖြစ်တဲ့အတွက် မြန်မာပြည်ထဲကို တကယ်တမ်း ဒုက္ခရောက်နေတာကို ကိုယ်တိုင်ကူညီနေတဲ့ သံဃာတော်များလက်ထဲကတဆင့်
သံဃာတော်များကို ယုံကြည်မှု အပြည့်ထားပြီးတော့ အကူအညီပေးဖို့ ကျနော် လျှောက်ထားပေးပို့သွားမှာ ဖြစ်ပါတယ်ခင်ဗျား။”
အန်စီဂျီယူဘီ အဝေးရောက်အစိုးရအဖွဲ့ ဝန်ကြီး ဒေါက်တာတင့်ဆွေက ပြောပြ
သွားတာဖြစ်ပါတယ်။