သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နာဂစ်ဆိုက်ကလုံးနှင့် မြန်မာ့စီးပွားရေး အပိုင်း(၂)


နာဂစ်ဆိုက်ကလုံးမုန်တိုင်း နောက်ပိုင်း လယ်ယာစိုက်ပျိုးရေးနဲ့ လယ်ထွက်ပစ္စည်း ကူးသန်းရောင်းဝယ်မှုလုပ်ငန်းတွေ ပုံမှန်အတိုင်း ပြန်ဖြစ်လာဖို့ အချိန်အတော်ယူရဦးမယ်လို့ ကျွမ်းကျင်သူတွေက ပြောနေပါတယ်။

အထူးသဖြင့် ကမ္ဘာ့စာနပ်ရိက္ခာရှားပါးမှုအချိန်နဲ့လည်း တိုက်ဆိုက်နေတော့ မြန်မာနိုင်ငံအနေနဲ့ စားနပ်ရိက္ခာရှားပါးတဲ့ ပြဿနာတွေပါ ရင်ဆိုင်ရနိုင်တယ်လို့ စီးပွားရေးပညာရှင်အချို့က သတိပေးပါတယ်။

ဒါပေမယ့်လည်း လူနဲ့တိရစ ္ဆာန် အားထားနေရတဲ့ လယ်ယာစိုက်ပျိုးရေးစနစ်ကနေ စက်မှုလယ်ယာအဆင့်ကို ပြောင်းနိုင်မယ့် အခွင့်အလမ်းတော့ ရှိနေတယ်လို့ - ဒီအတွက်ဆိုရင် နိုင်ငံတကာအကူအညီတွေကို ဖွင့်ထားဖို့တော့လိုပါတယ်လို့ စီးပွားရေးပညာရှင် ဦးဇော်ဦးက ယူဆပါတယ်။

အမေရိကန်တက္ကသိုလ်က မြန်မာစီးပွားရေးပညာရှင် ဦးဇော်ဦးကို မုန်တိုင်းအလွန် မြန်မာ့ကုန်သွယ်စီးပွားရေးအလားအလာနဲ့ပတ်သက်လို့ ဆွေးနွေးမေးမြန်းထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG