မြန်မာနိုင်ငံမှာ ဆိုင်ကလုံး လေပြင်းမုန်တိုင်းကျလို့
အကြီးအကျယ် ပျက်စီးနေတဲ့ဒေသက ဒုက္ခသည်များ
ကို နိုင်ငံတကာ လူသားချင်းစာနာမှု ကျွမ်းကျင်သူ
အလုပ်သမားများ လျှင်မြန်ထိရောက်စွာ သွားရောက်
ကူညီခွင့်ပြုပါလို့ စစ်အစိုးရကို အမေရိကန် သမ္မတ
ကတော် လော်ရာဘုရှ် (Laura Bush) က တိုက်တွန်း
လိုက်ပါတယ်။
ကြာသပတေးနေ့က ရောမမြို့မှာ ကုလသမဂ္ဂ စားနပ်
ရိက္ခာ အစီအစဉ်ရဲ့ အမှုဆောင်ဘုတ်အဖွဲ့သို့ မိန့်ခွန်း
ပြောကြားရင်း လော်ရာဘုရှ်က အဲဒီလို ထည့်သွင်း တိုက်တွန်းသွားတာပါ။
မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု အထောက်အပံ့ ဒေါ်လာ ၃၅ သန်းဖိုး ပေးတဲ့အထဲ
က ဒေါ်လာ ၁၁ သန်းက ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီအစဉ်ကတဆင့် ပေးပို့သွားတာ
လို့ ထောက်ပြရင်း သမ္မတကတော် လော်ရာဘုရှ်က မြန်မာနိုင်ငံမှာ အခက်အခဲများစွာ
ကြားက သွားရောက်ကူညီထောက်ပံ့ လုပ်ကိုင်နေကြတဲ့အတွက် WFP ကမ္ဘာ့စားနပ်
ရိက္ခာ အစီအစဉ်ကိုလည်း ချီးကျူး ကျေးဇူးတင်စကား ပြောကြားသွားပါတယ်။
မေလ ၃ ရက်နေ့က နာဂစ်ဆိုင်ကလုံး လေပြင်းမုန်တိုင်းကျပြီး ဧရာဝတီတိုင်း အကြီး အကျယ်ပျက်စီးနေလို့ အခုထက်ပိုပြီး ကူညီထောက်ပံ့ခွင့်ပေးဖို့ သမ္မတကတော်
လော်ရာဘုရှ်က စစ်အစိုးရအား ထပ်တလဲလဲ တိုက်တွန်းခဲ့ပြီး ဖြစ်ပါတယ်။
စစချင်းမှာ စစ်အစိုးရက နိုင်ငံတကာ ကယ်ဆယ်ထောက်ပံ့ရေးများကို လက်မခံဘဲ
နောက်ပိုင်းကျမှ တစတစနဲ့ လက်ခံလာခဲ့ပေမယ့် လေဘေးဒုက္ခသည်များ သောက်ရေ
သန့် မရကြလို့ ကူးစက်ရောဂါများ ပြန့်လာမှာကို နိုင်ငံတကာက စိုးရိမ်နေကြပါတယ်။