သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်ရောက် သမ္မတဘုရှ် အီရန်၊ အီရတ်၊ အာဖဂန် အရေး ဆွေးနွေးမည်


အမေရိကန် သမ္မတ ဘုရှ် နဲ့ သမ္မတကတော် လော်ရာ ဘုရှ် တို့ ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ရောက်ရှိနေပြီးတော့ ဗြိတိန်ဘုရင်မကြီး အဲလိဇဘတ်၊ ဝန်ကြီးချုပ် ဂေါ်ဒွင် ဘရောင်း တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

နောက်တနေ့ တနင်္လာနေ့မှာလည်း သမ္မတ ဘုရှ် ဟာ ဝန်ကြီးချုပ် ဂေါ်ဒွင် ဘရောင်းနဲ့ ထပ်မံတွေ့ဆုံဖို့ ရှိပြီးတော့ ဒီလို တွေ့တဲ့အခါမှာ အီရတ် စစ်ပွဲကိစ္စ၊ အာဖဂန်နစ္စတန် အရေးကိစ္စနဲ့ အီရန် နျူကလီးယား အရေးတွေကို ဆွေးနွေးမယ်လို့လည်း မျှော်လင့်ရပါတယ်။ အီရတ်ကနေ ဗြိတိန် တပ်ဖွဲ့တွေကို ရုပ်သိမ်းဖို့ အချိန်ဇယားဆွဲမယ့် ဗြိတိန်ရဲ့ အစီအစဉ်အပေါ် ဆန့်ကျင်တယ်လို့ မစ္စတာ ဘုရှ် ရဲ့ အပြောကို ကိုးကားပြီးတော့ ဗြိတိန်နိုင်ငံထုတ် Observer သတင်းစာကြီးက ဖော်ပြထားပါတယ်။

ဒီနှစ်မကုန်ခင်မှာ အီရတ်ကနေ ဗြိတိန် တပ်တွေကို အပြီးသတ် ရုပ်သိမ်းမယ်လို့ ဗြိတိန်ဝန်ကြီးချုပ် မစ္စတာ ဘရောင်း က မကြာခင်မှာ ကြေငြာကောင်း ကြေငြာဖွယ်ရာလည်း ရှိပါတယ်။ သမ္မတ ဘုရှ် ကတော့ အီရတ်ကနေ တပ်ရုပ်သိမ်းတဲ့ကိစ္စဟာ အချိန်ဇယားနဲ့ မဖြစ်သင့်ပဲ အောင်မြင်မှုအပေါ်မှာ အခြေခံသင့်တယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG