သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှောက်ယှက်ဖမ်းဆီးမှုများကြားက ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၆၃) နှစ်မြောက် မွေးနေ့ပွဲ


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ ၁၉ ရက် နေ့က ကျရောက်တဲ့ (၆၃) နှစ်မြောက်မွေးနေ့မှာ သံဃာတော်တွေကို ဆွမ်းကပ်ခွင့် မရခဲ့သလို ဆွေမျိုးမိတ်ဆွေတွေနဲ့လည်း တွေ့ဆုံခွင့်မရခဲ့ပါဘူး၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဘို့ ပါတီဌာနချုပ်ရုံးရှေ့မှာ မေတ္တာပို့ခဲ့ကြတဲ့ ပါတီဝင် တချို့နဲ့ ထောက်ခံသူတချို့ဟာလည်း စွမ်းအားရှင်အဖွဲ့တွေရဲ့ ရိုက်နှက် ဖမ်းဆီးတာကို ခံခဲ့ရပါတယ်။

ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအစိုးရတွေ၊ နိုဘဲလ်ငြိမ်းချမ်းရေး ဆုရှင်တွေနဲ့ ပြည်တွင်းပြည်ပက မြန်မာ့ဒီမိုကရေစီ အင်အားစုတွေကတော့ ဒေါ်အောင်ဆန်း စုကြည်ကို ခြွင်းချက်မရှိ ချက်ခြင်းလွှတ်ပေးဘို့ စစ်အစိုးရကို တောင်းဆိုခဲ့ပါ တယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ မှာ နေ့ဆွမ်းကပ်ဘို့ စီစဉ်ခဲ့ပေမဲ့ အာဏာပိုင်တွေကနေ သံဃာတော်တွေကို တားမြစ်ခဲ့တယ်လို့လဲ သိရပါတယ်။

၁၉၉၁ ငြိမ်းချမ်းရေးနိုဘဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၀၃ ခု မေလ (၃၀) ရက် ဒီပဲရင်းမှာ အကြမ်းဖက် တိုက်ခိုက်ခံရတဲ့ အချိန်ကစပြီး စစ်အစိုး ရရဲ့ နေအိမ်အကျယ်ချုပ် ထိမ်းသိမ်းတာကို ခံခဲ့ရပါတယ်၊ လူတယောက်ကို (၃) နှစ်ကနေ (၅) နှစ်အထိ ထိမ်းသိမ်းထားခွင့်ရှိတဲ့ နိုင်ငံတော်ကို နှောက်ယှက်ဖျက် ဆီးလိုသူတွေရဲ့ အန္တရာယ်က ကာကွယ်တားဆီးရေး ဥပဒေနဲ့ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးခဲ့တာပါ၊ ပြီးခဲ့တဲ့မေလ ကတော့ စစ်အစိုးရ ဟာ ဒေါ်အောင်ဆန်းစုကြည်ကို (၆) နှစ်မြောက်အဖြစ် နောက်ထပ်တနှစ် သက်တမ်း တိုးခဲ့ပြီးတော့ ဒါဟာတရားဝင်တယ်လို့ သတင်းဆောင်းပါတွေမှာ ဖေါ်ပြခဲ့ ပါတယ်ရှင်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG