သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်ဖွန်းမုန်တိုင်းကြောင့် ဖိလစ်ပိုင် ကူးတို့သင်္ဘော နစ်မြုပ်၊ ခရီးသည် ၇၀၀ ကျော် ပျောက်ဆုံးနေဆဲ


ဖိလစ်ပိုင်နိုင်ငံမှာ တိုင်ဖွန်းလေမုန်တိုင်း တိုက်ခတ်မှုကြောင့် ခရီးသည်တင် သင်္ဘောတစင်း နစ်မြုပ်ခဲ့ရာမှာ လူပေါင်း (၇၀၀) ကျော် ပျောက်ဆုံးနေသလို၊ မုန်တိုင်းကြောင့် ဖိလစ်ပိုင်နိုင်ငံတဝန်း အသက်ဆုံးရှုံးမှုတွေ၊ ပျက်စီးမှုတွေလည်း အကြီးအကျယ် ဖြစ်ခဲ့ပါတယ်။ အခုအချိန် အထိတော့ သင်္ဘော နစ်မြုပ်ရာက အသက်မသေပဲ လွတ်မြောက်လာသူ ၄ ဦး ကိုပဲ ရှာဖွေတွေ့ရှိထားတာ ဖြစ်ပြီးတော့ သေဆုံးသူ ၄ ဦးရဲ့ အလောင်းတွေကိုလည်း ဆယ်ယူနိုင်ခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်း ရွမ်ဘလွန် (Romblon) ခရိုင်က၊ ဆီဘူရန်ကျွန်း (Sibuyan Island) မှာ သင်္ဘော တိမ်းမှောက်မှု မဖြစ်ခင် ခရီးသည်အများအပြားဟာ သင်္ဘောပေါ်ကနေ လွတ်မြောက်အောင် မကျိုးပမ်းနိုင်ခဲ့ဘူးလို့ အသက်မသေ လွတ်မြောက်လာသူတွေ ပြောပါတယ်။ တိုင်ဖွန်း ဖန်းဂ်ရှန်း (Fengshen) ကြောင့် ဖြစ်ပေါ်လာတဲ့ ပြင်းထန်တဲ့ လေတိုက်ခတ်မှုနဲ့ ကြီးမားတဲ့ လှိုင်းလုံးကြီးတွေရဲ့ ရိုက်ခတ်မှုတွေကြောင့် နစ်မြုပ်ခဲ့ရတဲ့ ခရီးသည်တင် သင်္ဘောဆီကို ကယ်ဆယ်ရေး အတွက် ကမ်းခြေစောင့် သင်္ဘောတွေ သွားရောက်ဖို့ အခက်အခဲတွေလည်း ရှိနေတာပါ။ တိုင်ဖွန်း လေမုန်တိုင်းကြောင့် သေဆုံးသူ အရေအတွက်ဟာ (၁၅၅) ယောက်အထိ ရှိနေပြီလို့လည်း ဖိလစ်ပိုင်နိုင်ငံက ကြက်ခြေနီအဖွဲ့ အကြီးအကဲက ပြောပါတယ်။

တိုင်ဖွန်း ဖန်းဂ်ရှန်း ၂ ရက်ကြာ တိုက်ခတ်မှုကြောင့် ဖိလစ်ပိုင်နိုင်ငံ တဝန်း ရေအောက်မှာ နစ်မြုပ်ခဲ့တာပါ။ လေတိုက်နှုန်း တနာရီ ကီလိုမီတာ ၁၃၀ နှုန်းနဲ့ တိုက်ခတ်ခဲ့တဲ့ လေမုန်တိုင်းက ရေလွှမ်းမိုးမှုတွေ၊ မြေပြိုကျမှုတွေ အကြီးအကျယ် ဖြစ်စေခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG