သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဝန်ကြီးချုပ်အပေါ် အယုံအကြည်မရှိအဆို လွှတ်တော်မှာ မဲခွဲတော့မည်


ဒီသီတင်းပတ်ထဲ ထိုင်းနိုင်ငံ ပါလီမန်ရဲ့ အထက်လွှတ်တော်မှာ မနက်ဖြန် တနင်္လာနေ့ကစပြီး ဝန်ကြီးချုပ် စမတ် ဆွန်ဒရာေ၀ နှုတ်ထွက်ရေးနဲ့ ပတ်သက်ပြီး အခြေအတင် ဆွေးနွေးသွားကြမှာဖြစ်ပြီး ဝန်ကြီးချုပ်ကို အယုံအကြည်မရှိ အဆိုတင်သွင်းမဲခွဲ ဆုံးဖြတ်တဲ့အခါမှာ အဆိုက အနိုင်ရသွားခဲ့ရင် သူ့အနေနဲ့ ရာထူးက နှုတ်ထွက်ပေးမယ်လို့ ဝန်ကြီးချုပ် ဆွန်ဒရာဝေက ဒီနေ့ ထုတ်လွှင့်တဲ့ အပတ်စဉ်ဝန်ကြီးချုပ်မိန့်ခွန်းပြောကြားတဲ့ ရုပ်မြင်သံကြား အစီအစဉ်မှာ ကြေညာလိုက်ပါတယ်။

မနေ့က ဆန္ဒပြကြသူတွေက ဆွန်ဒရာေ၀ ရာထူးကမထွက်မချင်း ဝန်ကြီးချုပ် ရုံးရှေ့က မခွာဘူးဆိုတဲ့ သန္နိဌာန်နဲ့ စောင့်ဆိုင်း နေကြမယ်လို့ ကြေညာလိုက်ပြီး လက်ရှိ ထိုင်းအစိုးရ ဆန့်ကျင်ရေး ဟောပြောမှုတွေ အလံတွေ ဝှေ့ရမ်း သီချင်းဆိုမှုတွေ ပြုလုပ်ပြီး ဇွဲကောင်းကောင်းနဲ့ ဆန္ဒပြနေကြဆဲဖြစ်ပါတယ်။

ဆွန်ဒရာဝေ ဝန်ကြီးချုပ်ရာထူးကနှုတ်ထွက်ပေးရေး တောင်းဆိုခဲ့ကြတဲ့ ပြည်သူ့ဒီမိုကရေစီ မဟာမိတ်များ(PAD) အဖွဲ့ဝင်တွေ ဟာ ဘန်ကောက်မြို့တော်ရဲ့ လမ်းမပေါ်တွေမှာ လွန်ခဲ့တဲ့ ရက်သတ္တပတ် သုံးပတ်ကတည်းက စုရုံးဆန္ဒပြ နေခဲ့ကြတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG