သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဇင်ဘာဘွေ အတိုက်အခံခေါင်းဆောင် ရွေးကောက်ပွဲက နုတ်ထွက်


လွန်ခဲ့တဲ့ မတ်လရွေးကောက်ပွဲမှာ မဲအများဆုံးရရှိခဲ့တဲ့ ဇင်ဘာဘွေအတိုက်အခံခေါင်းဆောင် Morgran Tsvangirai ဟာ ယခုလာမဲ့ သောကြာနေ့မှာ ဒုတိကအကြိမ် ကျင်းပမဲ့ ရွေးကောက်ပွဲက နှုတ်ထွက် လိုက်ပြီဖြစ်ကြောင်း၊ ပြည်သူတွေကို ဆန့်ကျင်ပြီး တရားမဝင်တဲ့ သမ္မတမူဂါဘီရဲ့တိုက်ပွဲတွေမှာ မပါဝင်ချင်တော့လို့သူ့အနေနဲ့ အခုလို နှုတ်ထွက်လိုက်တာဖြစ်တဲ့ အကြောင်း voa သတင်းထောက် Peta Thornycroft က Harare မြို့တော်က သတင်းပေးပို့ထားတာကို နော်ရှိုးက ရှင်းပြပေး ပါတယ်။

ဇင်ဘာဘွေအတိုက်အခံခေါင်းဆောင် Morgran Tsvangirai က အကြမ်းဖက်မှုတွေ ပိုပြီးအရှိန်အဟုန်မြင့်လာပြီး မိမိရဲ့ ထောက်ခံသူတွေကိုလည်း ချိန်းချောက်မှုတွေဆက်တိုက်ဖြစ်နေတာကြောင့် ယခုလာမဲ့သောကြာနေ့မှာ ကျင်းပမဲ့ သမ္မတ ရွေးကောက်ပွဲက နေနှုတ်ထွက်လိုက်ပြီ်လို့ပြောလိုက်ပါတယ်။

"ကျွန်တော်တို့MDC ပါတီအနေနဲ့ အကြမ်းဖက်ပြီး တရားမဝင်တဲ့ ရွေးကောက်ပွဲမှာဆက်လက်ပြီးမပါဝင်တော့ဖို့ဆုံးဖြတ် လိုက်ပါတယ်"

Mr. Tsvangirai က သမ္မတ Robert Mugabe နဲ့ Zanu PF ဟာ နည်းမျိုးစုံသုံးပြီး ရွေးကောက်ပွဲရလဒ်တွေကို ပျက်ပြယ် အောင် လုပ်နေခဲ့တယ်လို့လဲပြောလိုက်ပါတယ်။ လူပေါင်းမြောက်များစွာအသက်ဆုံးရှုံးခဲ့ဲရသလို ရွေ့ပြောင်း ခံခဲ့ရသူတွေ ကလဲ အရေအတွက်အလွန်များတဲ့ကြောင်း ၊ ပြည်သူတွေအနေန့ဲရွေးစရာဆိုလို့Zanu PF ကိုပဲရွေး ရင်ရွေး မရွေးရင်တော့ သေဖို့သာရှိကြောင်းပြောလိုက်ပါတယ်။

မတ်လ ၂၉ ရက် ကျင်းပခဲ့တဲ့ ပထမအကြိမ်သမ္မတရွေးကောက်ပွဲမှာ Mr. Tsvangirai ဟာ အနိုင်ရခဲ့ပေမဲ့လဲ ဇင်ဘာဘွေ ရွေးကောက်ပွဲ ကော်မရှင်ကတော့ သူဟာ မဲအများစုကိုရတာမဟုတ်ကြောင်းပြောခဲ့ပါတယ်။ Morgan Tsvangirai ရဲ့MDC ပါတီဟာ ပါလီမန်ရွေးကောက်ပွဲနဲ့ဒေသအဆင့်ရွေးကောက်ပွဲတွေမှာလဲ အနိုင်ရခဲ့ပါတယ်။

ဒီ လို မဲတူနေလို့ဆိုပြီး ပြန်ပြီးကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အကြမ်းဖက်မှု ချိန်းချောက်မှ ုတွေနဲ့ လွှမ်းခြုံ ပြည့်နက်နေ တာဟာ ကျေးလက်ဒေသတွေမှာ ပိုပြီး သိသာ ထင်ရှားတာကို တွေ့ရပါတယ်။ လူ့အခွင့်အရေးအဖွဲ့တွေက အနည်းဆုံးလူ ၈၅ ဦးသေဆုံးခဲ့ပြီး အထူးသဖြင့် အတိုက်အခံ ပါတီကို ထောက်ခံသူ ထောင်ပေါင်းများစွာ သူတို့ရဲ ့နေအိမ်တွေကနေ ပြောင်းရွှေ့ခံခဲ့ရတယ်လို့ဆိုပါတယ်။

Mr. Tsvangirai က ရွေးကောက်ပွဲကော်မရှင်ဟာ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့စည်းမျည်းဥပဒေတွေလိုက်နာဖို့အတွက် ကြပ်မတ် ရမဲ့တာဝန် ကိုပျက်ကွက်ခဲ့တဲ့အတွက်လဲကန့်ကွက်ခဲ့ပါတယ်။ သူက အာဖရိက သမဂ္ဂ, ဒေသတွင်းနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ကမ္ဘာကုလသမဂ္ဂအဖွဲ့ကို ရွေးကောက်ပွဲကို မကြာခင်အချိန်အတွင်းမှာ ငြိမ်းချမ်းစွာကျင်းပနိုင်ဖို့အတွက် ဝင်ရောက်ဖြေရှင်းပေးဖို့တောင်းဆိုလိုက်ပါတယ်။

Mr. Tsvangirai ဟာ သမ္မတ Mugabe ရဲ့ စစ်သွေးကြွတွေ သူ့ပါတီဖြစ်တဲ့ MDC ရဲ့ စုဝေးရာနေရာမှာ ဝင်ရောက်ပိတ်ဆို့ခဲ့ပြီးနောက်အခုလို ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ Zanu PF T Shirt တွေဝတ်ထားပြီး လက်နက်ကိုင်ဆောင်ထားတဲ့ စစ်သွေးကြွတွေက Mr. Tsvangirai ရဲ့လူတွေ စုဝေးရာနေရာဖြစ်တဲ့ Harare Showground မှာ ရိုက်နှက်ခြင်း အကြမ်းဖက်ခြင်းတွေလုပ်ခဲ့တာဖြစ်ပါတယ်။

SADC ခေါ် အာဖရိကတောင်ပိုင်းဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ကစောင့်ကြည့်သူတွေကတော့ ဟိုတယ်ထဲမှာနေပြီး၊ အဲဒီစုဝေးတဲ့နေရာကို သွားဖို့ကြိုးစားတဲ့ စာနယ်ဇင်းသမားတွေကတော့ သေနပ်နဲ့အပစ်ခံရခဲ့ပါတယ်။ မြို့ပြင်ရှိလမ်းပေါ်မှ လူတော်တော်များများကိုလဲ အတင်းဆွဲရမ်းပြီး ရုတ်တရက် အကွက်ဆင်လိုက်တဲ့ Zanu PF လူစုလူဝေးထဲကို အဓမ္မ ခေါ်သွင်းတာတွေလုပ်တယ်လို့လဲဆိုပါတယ်။

Mr. Tsvangirai ကိုထောက်ခံသူတွေတချို့ကတော့ သူအခုလို နှုတ်ထွက်လိုက်တဲ့အတွက်ကြောင့် စိတ်အေးရတယ်လိုဆိုကြပါတယ်။ တချို့ကြပြန်တော့လဲ့ အတိုက်အခံပါတီကိုအမြစ်ဖြတ်မချေမှုန်းသေးသ၍တော့ Mr. Mugabe ရဲ့အကြမ်းဖက်တာတွေက ရပ်မှာမဟုတ်ဘူးလို့ယူဆကြပါတယ်။

ဇင်ဘာဘွေ ဆက်သွယ်ရေးဝန်ကြီး Sikhanyiso Ndlovu က ၁၉၈၀ ခုနှစ် ဗြိတိသျှဆီက လွတ်ရေးရပြီးကတည်းက အာဏာရယူခဲ့တဲ့ Mr. Mugabe ကိုထောက်ခ့သူတွေရှိကြောင်းသက်သေပြဖို့ ရွေးကောက်ပွဲကတော့ ဆက်လက်ကျင်းပသွားမှာဖြစ်တယ်လို့ပြောတဲ့ အကြောင်း AP သတင်းတွေမှာဖော်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စု ဗြိတိန် နဲ့အချို့နိုင်ငံတွေကတော့ Mr. Tsvangirai နှုတ်ထွက်သွားမှုနဲ့ပတ်သက်ပြီး သမ္မတ Mugabe အစိုးရကို မပြစ်တင်ရှုတ်ချနေကြပါတယ်။

XS
SM
MD
LG