သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဇင်ဘာဘွေ အတိုက်အခံခေါင်းဆောင် နယ်သာလန်သံရုံးမှာ ခိုလှုံ


ဇင်ဘာဘွေနိုင်ငံမှာ အဓိကအတိုက်အခံအဖွဲ့ ဒီမို
ကရေစီ ပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှု (NDC)
ဌာနချုပ်ကို ဇင်ဘာဘွေရဲတွေက စီးနင်းလိုက်ပြီး
ဌာနချုပ်ထဲကလူတွေကို ဖမ်းဆီးခေါ်ဆောင်သွား
တဲ့အကြောင်း မျက်မြင်သက်သေတွေက ပြောပါ
တယ်။

ဇင်ဘာဘွေရဲ့ တကျော့ပြန်ကျင်းပမယ့် သမ္မတ
ရွေးကောက်ပွဲမှာ သူ မပါတော့ဘူးလို့ အတိုက်
အခံခေါင်းဆောင် မော်ဂန် ချန်ဂရိုင်း (Morgan
Tsvangirai) ပြောဆိုခဲ့ပြီး နောက်တရက်မှာ
အခုလို အတိုက်အခံတွေရဲ့ ဌာနချုပ်ကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့တာ ဖြစ်ပါတယ်။

သမ္မတ မူဂါဘီ (Mugabe) ကို ထောက်ခံတဲ့ စစ်သွေးကြွတွေက အတိုက်အခံအင်အားစု
တွေကို အကြမ်းဖက် တိုက်ခိုက်နေတာတွေကြောင့် ရွေးကောက်ပွဲအတွက် မဲထည့်ဖို့
မဖြစ်နိုင်တော့ဘူးဆိုပြီး အတိုက်အခံခေါင်းဆောင် မော်ဂန် ချန်ဂရိုင်းက ပြောပါတယ်။

တကယ်လို့ အတိုက်အခံခေါင်းဆောင် မော်ဂန် ချန်ဂရိုင်းအနေနဲ့ ရွေးကောက်ပွဲ
ကော်မရှင်ကို တရားဝင် စာရေးအကြောင်းကြားတာမျိုးတွေ မလုပ်ဘူးဆိုရင် တကျော့
ပြန်ရွေးကောက်ပွဲကို စီစဉ်ထားတဲ့အတိုင်း သောကြာနေ့မှာ ကျင်းပမယ်လို့ ဇင်ဘာဘွေ
အစိုးရအရာရှိတွေက ပြောဆိုနေပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ဇင်ဘာဘွေနိုင်ငံမှာ လက်ရှိအစိုးရကို ထောက်ခံတဲ့
စစ်သွေးကြွတွေက တိုက်ခိုက်ခဲ့တာကြောင့် အတိုက်အခံအဖွဲ့က လူ ၈၀ ကျော် သေဆုံး
ခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေအရ မော်ဂန် ချန်ဂရိုင်း နယ်သာလန်သံရုံးမှာ ခိုလှုံလိုက်ပြီ
ဆိုတာကို နယ်သာလန် နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတွေက အတည်ပြုပြောကြား
ပါတယ်။ ဟာရားရဲမှာရှိတဲ့သံရုံးထဲကို သူ ဝင်ပြီး ခိုလှုံလိုက်တာလို့ သတင်းတွေမှာ
ဖော်ပြကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG