သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆော်ဒီ ရေနံတိုးထုတ်မယ့် အစီအစဉ် ဈေးကျလောက်အောင် ထိရောက်မှု မရှိနိုင်


ရေနံဝယ်ယူသုံးစွဲတဲ့ နိုင်ငံတွေမှာ ရေနံခွန် တိုးမြင့်
လာတာနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ရေနံဈေးတွေ
တက်နေတာဟာ ဈေးကစားတဲ့သူတွေကြောင့်
ဖြစ်တယ်လို့ ဆော်ဒီအာရေးဗီယားဘုရင် အဗ္ဗဒူလာ
(Abdullah) က ပြစ်တင် ပြောဆိုလိုက်ပါတယ်။ ဒါပေ
မယ့် ဝယ်ယူသုံးစွဲသူတွေလိုအပ်ရင် ရေနံပိုထုတ်
သွားမယ်လို့ ဆော်ဒီအာရေးဗီးယားနိုင်ငံ ရေနံဝန်ကြီး
က ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်း
ထောက် တန်ဒိုင်း မာဖိုဆာ (Tendai Maphosa)
လန်ဒန်မြို့ကနေ သတင်းပေးပို့ထားတာကို
ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ဆော်ဒီအာရေးဗီးယားနိုင်ငံ ဂျက်ဒါး (Jeddah) မှာပြုလုပ်တဲ့ ရေနံထိပ်သီးညီလာခံမှာ
ဘုရင် အဗ္ဗဒူလာက အခုလို ပြောလိုက်တာပါ။ ကမ္ဘာမှာ ရေနံအများဆုံးထုတ်တဲ့
ဆော်ဒီအာရေးဗီးယားနိုင်ငံအနေနဲ့ တနေ့ကို ရေနံပီပါပေါင်း ၉.၇ သန်း တိုးထုတ်ဖို့
စီစဉ်ထားပြီးပြီလို့ ဘုရင် အဗ္ဗဒူလာက ပြောပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ရေနံဝယ်ယူသုံးစွဲမှု များပြားလာတာ၊ တချို့နိုင်ငံတွေမှာ ရေနံအခွန်
တွေ တိုးမြှင့်ကောက်ယူတာနဲ့ နောက် မိမိကိုယ်ကျိုးတခုတည်းကိုကြည့်ပြီး ဈေးကစား
သူတွေကြောင့် အခုလို ရေနံဈေးတွေ အဆမတန် ထိုးတက်ကုန်တာဖြစ်တယ်လို့ သူက
ပြောပါတယ်။

ဒါပေမယ့် ဈေးကစားတဲ့သူတွေကြောင့် ရေနံဈေးတွေ တက်ကုန်တယ်ဆိုတဲ့ သက်သေ
အထောက်အထား မရှိဘူးလို့ အမေရိကန် လောင်စာစွမ်းအင်ဝန်ကြီး ဆန်မြူရယ်လ်
ဘော့ဒ်မန်း (Samuel Bodman) က ပြောတဲ့အကြောင်း အေအက်ဖ်ပီ ပြင်သစ်သတင်း
အေဂျင်စီမှာ ကိုးကားဖော်ပြထားပါတယ်။ ရေနံစိမ်းထုတ်လုပ်မှု ဒီထက်ပိုတိုးမလာရင်
ဈေးတွေ ထပ်တက်လိမ့်ဦးမယ်လို့ ဒီညီလာခံမှာ မစ္စတာ ဘော့ဒ်မန်းက ပြောခဲ့တယ်လို့
ဆိုပါတယ်။

ဒီညီလာခံကို တက်ရောက်ခဲ့တဲ့ ဗြိတိသျှဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်း (Gordon
Brown)ကလည်း ထုတ်လုပ်သူတွေနဲ့ ဝယ်ယူသုံးစွဲသူတွေအကြား နှစ်ဦးနှစ်ဖက် အကျိုး
ဖြစ်စေမယ့် အဆိုပြုချက်ကို တင်သွင်းခဲ့ပါတယ်။

“အသစ်ပြန်သုံးစွဲနိုင်တဲ့ လောင်စာဆီနဲ့ နျူကလီးယားစွမ်းအင်တွေ၊ နောက် ရေနံ
ထုတ်လုပ်သူတွေ အနာဂတ်မှာ ရေနံမဟုတ်တဲ့ တခြားလောင်စာဆီတွေ ရေရှည်
ထုတ်လုပ်နိုင်ရေးအတွက် နိုင်ငံခြားက ရေနံချမ်းသာကြွယ်ဝသူတွေ လောင်စာစွမ်းအင်
ကဏ္ဍအားလုံးမှာ ရင်နှီးမြှုပ်နှံနိုင်ဖို့ ကျနော်တို့ ဗြိတိန်နိုင်ငံနဲ့ တခြား ရေနံဝယ်ယူသုံးစွဲ
တဲ့ နိုင်ငံတွေအနေနဲ့ ရင်းနှီးမြှုပ်နှံမှုအသစ်တွေ လုပ်နိုင်ရေး ဈေးကွက်ဖွင့်ပေးဖို့
ကျနော် အဆိုပြုပါတယ်။

“ရေနံထုတ်လုပ်သူတွေအနေနဲ့ တဖက်က ပြန်လုပ်ပေးသင့်တာကတော့ ရေနံပိုထုတ်
လုပ်နိုင်ဖို့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်လုပ်ဆောင်ကြဖို့နဲ့ ရေနံရှာဖွေတဲ့နေရာမှာ
နည်းပညာပိုင်းဆိုင်ရာတွေမှာ ကူညီလုပ်ဆောင်ကြဖို့ အပါအဝင် ရေတိုရေရှည် စီးပွား
ရေး ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် ပူးပေါင်းဆောင်ရွက်ကြဖို့ လိုပါတယ်။”

ဆော်ဒီအာရေးဗီးယားနိုင်ငံက ပြီးခဲ့တဲ့ မေလကစပြီး တနေ့ကို ရေနံစိမ်း ပီပါပေါင်း
၃၀၀,၀၀၀ တိုးမြှင့်ထုတ်လုပ်လာခဲ့ပါတယ်။ ဒါ့အပြင် ဇူလိုင်လကစပြီး တနေ့ကို ရေနံ
ပီပါပေါင်း ၂၀၀,၀၀၀ တိုးမြှင့်ထုတ်လုပ်မယ်လို့ ပြီးခဲ့တဲ့ စနေနေ့က ကြေညာခဲ့ပါတယ်။
ဒါပေမယ့် ဒီလို တိုးမြှင့်ထုတ်လုပ်မှုတွေက ရေနံဈေးတွေ တဟုန်ထိုးတက်နေတာကို
ဟန့်တားနိုင်ခြင်းမရှိပါဘူး။

တချိန်တည်းမှာပဲ ဆော်ဒီအာရေးဗီးယားက အခုလို ရေနံတိုးမြှင့်ထုတ်လုပ်မယ်ဆိုပေ
မယ့် အမေရိကန်နိုင်ငံအနေနဲ့ နိုင်ငံခြားက လောင်စာဆီကို အားကိုးမှီခိုနေရတဲ့အဖြစ်
က လွတ်ကင်းအောင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ကိုယ် နည်းလမ်းရှာဖွေသင့်တယ်လို့
လွှတ်တော်အမတ်တွေက သတိထားပြီး တုံ့ပြန်နေကြပါတယ်။

အမေရိကန် အောက်လွှတ်တော်ရဲ့ စွမ်းအင်မှီခိုအားထားမှု လွတ်ကင်းရေးကော်မီတီ
ဥက္ကဋ္ဌ မက်ဆာချူးဆက်ပြည်နယ် လွှတ်တော်အမတ် အက်ဒ်ဝပ် မာကေး (Edward
Markey) ကတော့ ဆော်ဒီအာရေးဗီးယားက အခုလို ပြောဆိုလာတဲ့အပေါ် သိပ်အားရ
တဲ့ပုံ မကျပါဘူး။

“အခုလို လုပ်ဆောင်တာဟာ လောင်စာဆီဈေးကို မဖြစ်စလောက်ကလေးဘဲ
ပြောင်းလဲမှုဖြစ်လိမ့်မယ်။ ဒီပြဿနာဟာ ရီပတ်ဘလီကန်ပါတီက ကွန်ဂရက်
လွှတ်တော်ကို ၁၂ နှစ်တာ ထိန်းချုပ်လာခဲ့လို့ အခုလို ဖြစ်နေတာ။ ၁၉၉၅ ခုနှစ်က
ရီပတ်ဘလီကန်ပါတီ လွှတ်တော်နှစ်ရပ်စလုံးကို စတင်ထိန်းချုပ်တဲ့အချိန်မှာ နိုင်ငံခြား
က လောင်စာဆီကို ၄၆% မှီခိုအားထားနေရတယ်၊ အခုတော့ နိုင်ငံခြားက တင်သွင်း
လာတဲ့ လောင်စာဆီအပေါ် ၆၁% မှီခိုအားထားနေရတယ်။ ရေနံနဲ့ ဓာတ်ငွေ့အကြောင်း
ကျနော်တို့ ပြောဆိုဆွေးနွေးကြတယ်၊ အသစ်ပြန်လည် အသုံးပြုနိုင်တဲ့ လောင်စာဆီ
ကိစ္စ ပြောဆိုဖို့ကိုတော့ ရှောင်လွှဲနေကြတယ်။”

ABC ရုပ်မြင်သံကြားအစီအစဉ်ရဲ့ Meet the Press အစီအစဉ်မှာ မစ္စတာ မာကေးက
အခုလို ပြောသွားတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ်ကုန်ပိုင်းက ကျင်းပခဲ့တဲ့
ရွေးကောက်ပွဲမှာ အမေရိကန် လွှတ်တော်နှစ်ရပ်စလုံးမှာ ဒီမိုကရက်တစ်ပါတီက
အနိုင်ရခဲ့ပါတယ်။

သမ္မတဘုရှ်နဲ့ ရီပတ်ဘလီကန်ပါတီရဲ့ ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲဝင်မယ့်
သမ္မတလောင်း ဂျွန် မက်ကိန်း (John McCain) အပါအဝင် ရီပတ်ဘလီကန်
တော်တော်များများက ဒီမိုကရက်တွေလိုပဲ အစားထိုးလောင်စာဆီ အသုံးပြုရေးကို
သဘောတူကြပါတယ်။ ဒါပေမယ့် သမ္မဘုရှ်နဲ့ ဂျွန် မက်ကိန်း နှစ်ယောက်စလုံးက
ပြည်တွင်းရေနံထုတ်လုပ်မှု တိုးမြှင့်ဖို့ လိုလားနေကြပါတယ်။

လောင်စာဆီဆိုင်ရာ ကျွမ်းကျင်သူတချို့လည်း အခုလို လောင်စာဆီဈေးတွေ တက်နေ
တာဟာ ရေနံကုန်သည်တွေ ဈေးကစားတာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ အခုလို
ဈေးကစားတာတွေကို တန်ပြန်လုပ်ဆောင်ဖို့ လွယ်ကူတဲ့ နည်းလမ်းရှိတယ်လို့ အမေ
ရိကန် လောင်စာဆီအဖွဲ့ရဲ့ အကြီးအကဲ ရက်ဒ် ကက်ဗ်နေး (Red Caveney) က ပြောပါ
တယ်။

“ကျနော်တို့အတွက် လိုအပ်တာက နောင်ဘယ်တော့မှ ဒီလိုမဖြစ်နိုင်မယ့် အဖြေရှိနေဖို့
ပဲ။ အဲဒါဖြစ်လာဖို့ကိုပဲ ဈေးကွက်တွေကလည်း ကြည့်နေတာ။ ဘယ်လိုပုံစံမျိုးကိုပဲ
ခင်ဗျားကြည့်ကြည့်၊ ခင်ဗျားလိုချင်တဲ့ လောင်စာဆီအားလုံး ရှိနေတာပဲ။”

ပြည်တွင်းလောင်စာဆီ ထုတ်လုပ်မှုတိုးမြှင့်ရေး ပြောဆိုနေကြတာတွေကို သူက
ထပ်လောင်းပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG