သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဇင်ဘာဘွေနဲ့မြန်မာ ခိုင်းနှိုင်းစရာ ဖြစ်လာနေ


ဇင်ဘာဘွေနဲ့ပတ်သက်ပြီး နိုင်ငံတကာက ပြောဆိုသုံးနှုန်းတဲ့ စကားတွေက မြန်မာနိုင်ငံ
နဲ့ အတော်လေး တူနေပါတယ်။ ဇင်ဘာဘွေနဲ့ မြန်မာနိုင်ငံ အခြေအနေ ဘယ်လောက်
တူသလဲ၊ ကွဲသလဲဆိုတာ နှိုင်းယှဉ်ပြီး ဦးကျော်ဇံသာက တင်ပြပေးထားပါတယ်။

အမေရိကန် ထိပ်တန်းသံတမန်ကြီးတဦးက ဇင်ဘာဘွေသမ္မတ ရောဘတ် မူဂါဘီ
(Robert Mugabe) ဟာ မြန်မာစစ်အစိုးရလို ပြုမူနေတယ်ဆိုပြီး ပြောဆိုခဲ့ဖူးပါတယ်။
အဲဒီတုန်းက မြန်မာအစိုးရဟာ ဇင်ဘာဘွေကတောင် အတုယူရမယ့်နိုင်ငံ ဖြစ်နေပါလား
ဆိုပြီး တွေးထင်စရာ ဖြစ်နေပါတယ်။ တကယ်တော့ ဒီနှစ်နိုင်ငံကြားမှာ တူတာတွေရှိ
သလို မတူတာတွေလည်း ရှိပါတယ်။

ပထမဆုံးတူတာတခုကတော့ အတိုက်အခံတွေကို နှိပ်စက်တဲ့နေရာမှာ လက်သံပြောင်
တဲ့ကိစ္စပါ။ မြန်မာနိုင်ငံက စွမ်းအားရှင်တွေ လက်သံပြောင်သလိုပဲ ဇင်ဘာဘွေက
ရောဘတ် မူဂါဘီရဲ့ နောက်လိုက်တွေကလည်း လက်သံပြောင်ကြပါတယ်။

ဒါပေမယ့် မတူတာတခုကတော့ ဇင်ဘာဘွေနိုင်ငံမှာ ဇာနုလို့ခေါ်တဲ့ Zimbabwe African
National Union လို့ခေါ်တဲ့ပါတီနဲ့ ရောဘတ် မူဂါဘီဆိုတဲ့ နာမည်တို့ဟာ သူတို့နိုင်ငံရဲ့
လွတ်လပ်ရေးတိုက်ပွဲနဲ့ ခွဲခြားလို့မရပါဘူး။ သူတို့ဟာ လူဖြူတွေရဲ့ အသားအရောင်
ခွဲခြားမှုကနေ လွတ်မြောက်အောင် တိုက်ပွဲဝင်ခဲ့တဲ့နေရာမှာ ထိပ်တန်းက ပါဝင်ခဲ့ပါ
တယ်။

၁၉၈၀ မှာ ရွေးကောက်ပွဲလုပ်တော့လည်း ရောဘတ် မူဂါဘီရဲ့ ဇာနုပါတီက အနိုင်ရရှိ
ပါတယ်။ ဒါကြောင့် ဇင်ဘာဘွေနိုင်ငံမှာ လက်ရှိ ရောဘတ် မူဂါဘီအစိုးရဟာ မြန်မာ
စစ်အစိုးရနဲ့စာရင် သူဟာ တရားဝင်အစိုးရလို့ ဆိုရမှာပါ။

ဒါပေမယ့် သူတို့နိုင်ငံမှာ တိုင်းပြည်ရဲ့ လယ်ယာမြေကောင်းအများစု လူဖြူတွေလက်ထဲ
မှာရှိနေတာ ရောဘတ် မူဂါဘီအတွက် အကြောင်းပြစရာ ဖြစ်နေပါတယ်။ ဒါကြောင့်
သူက ဒီလယ်မြေတွေအားလုံး လူမည်း အာဖရိကန်တွေလက်ထဲရောက်မှ သူ ရာထူးက
နုတ်ထွက်မယ်လို့ ပြောနိုင်ပါတယ်။

မြန်မာစစ်အစိုးရမှာတော့ အဲဒီလိုအကြောင်းအချက်တွေ မရှိဘူးလို့ ဆိုရမှာပေါ့။

ရောဘတ် မူဂါဘီက ရွေးကောက်ပွဲနိုင်ပြီး တက်လာတာပါ။ မြန်မာစစ်အစိုးရကတော့
ရွေးကောက်ပွဲမှာရှုံးလို့ နိုင်တဲ့ပါတီကို အာဏာမပေးဘဲ ၁၉၉၀ တုန်းက အာဏာသိမ်း
လာခဲ့တဲ့ အစိုးရဖြစ်ပါတယ်။

စီးပွားရေးအားဖြင့်လည်း မြန်မာနိုင်ငံမှာ ဘယ်နိုင်ငံခြားသား၊ ဘယ်လူဖြူကမှ စီးပွား
ရေးကို ချုပ်ခြယ်ထားတာ မဟုတ်ပါဘူး။ အဲဒါကြောင့် မြန်မာစစ်အစိုးရအတွက်
အကြောင်းပြစရာ မရှိပါဘူး။ သူတို့အကြောင်းပြတာကတော့ ဘာမှမရေရာတဲ့ ပြည်ပ
ကျူးကျော်မှု အန္တရာယ်ကြောင့် သူတို့ ဆက်လက်အုပ်စိုးဖို့လိုတယ်ဆိုပြီး အကြောင်းပြ
တာပါ။ တကယ်တော့ ဒီအကြောင်းပြမှုကလည်း ခိုင်လုံတဲ့အကြောင်းပြမှုတော့ မဟုတ်
ပါဘူး။

စီးပွားရေးအားဖြင့် နိုင်ငံတကာက ပိတ်ဆို့လို့ နစ်နာရတယ်လို့ မြန်မာစစ်အစိုးရက
လည်း ပြောဆိုနေပါတယ်။ အဲဒီအပေါ်မှာရော။

မြန်မာနိုင်ငံ စီးပွားရေးအားဖြင့် နစ်နာတာဟာ ပြည်ပကပိတ်ဆို့လို့ မဟုတ်ပါဘူး။ အဓိ
ကအားဖြင့်တော့ စီမံခန့်ခွဲမှု လွဲမှားမှုကြောင့်ပါ။ မြန်မာစစ်အစိုးရနဲ့ သူတို့ရဲ့ အပေါင်း
အသင်းတွေ စီးပွားရေးလုပ်ကိုင်မှု မကျွမ်းကျင်တာကြောင့် ဖြစ်တာပါ။ အရှေ့တောင်
အာရှက လုပ်ငန်းရှင်တွေကိုယ်တိုင် ဒါကို ပြောကြပါတယ်။ တကယ်တော့ မြန်မာနိုင်ငံ
ဟာ သဘာဝဓာတ်ငွေ့တွေရောင်းပြီး ပိုက်ဆံတွေ တော်တော်များများရနေတဲ့နိုင်ငံ
ဖြစ်ပါတယ်။ နိုင်ငံခြား စီးပွားရေးပိတ်ဆို့မှုကလည်း ဒီလောက် အရေးမကြီးပါဘူး။

ဗိုလ်ချုပ်နေဝင်းလက်ထက်ကလည်း တိုင်းပြည်က လွတ်လပ်ပေမယ့် စီးပွားရေးက
လွတ်လပ်ရဲ့လား၊ မလွတ်လပ်ဘူးဆိုပြီး ပြည်သူပိုင်လုပ်ငန်းတွေလုပ်ပြီး တိုင်းပြည်ကို
စီမံခဲ့ပါတယ်။ ဒါပေမယ့် လုံးဝမအောင်မြင်ဘဲ ချွတ်ခြုံကျသွားတာပဲ အဖတ်တင်တယ်။

ဒီလုပ်ငန်းတွေဟာ အာဖရိကက ယူဂန်ဒါနိုင်ငံမှာ အီဒီအာမင်လက်ထက်မှာ နိုင်ငံခြား
သားတွေ စီးပွားရေး လက်ဝါးကြီးအုပ်လို့ သူတို့နိုင်ငံသားတွေ ဆင်းရဲတယ်ဆိုပြီး နိုင်ငံ
ခြားသားတွေကို လမ်းပေါ်မှာ ကြိမ်နဲ့ရိုက်ပြီး မောင်းထုတ်ခဲ့ပါတယ်။ နိုင်ငံခြားသားတွေ
လည်း ထွက်သွားရော သူတို့တိုင်းရင်းသားတွေက မစီမံတတ်တဲ့အတွက် တိုင်းပြည်
ချွတ်ခြုံကျသွားတာပါပဲ။ ဒါကြောင့် မြန်မာစစ်အစိုးရရဲ့ စီးပွားရေးအကြောင်းပြချက်က
မခိုင်လုံပါဘူး။

ဒီနှစ်နိုင်ငံအပေါ် နိုင်ငံတကာရဲ့ တုံ့ပြန်မှုတွေကရော ထပ်တူကျပါသလား။

နိုင်ငံတကာဆိုတဲ့နေရာမှာ နိုင်ငံတကာအသိုင်းအဝိုင်းဖြစ်တဲ့ ကုလသမဂ္ဂအနေနဲ့က
တော့ နှိုင်းယှဉ်ပြီး ပြောပါတယ်။ ဒါပေမယ့် ထူးခြားပြီး စိတ်ဝင်စားဖို့ကောင်းတဲ့အချက်
က ဒေသတွင်းနိုင်ငံတွေရဲ့ သဘောထားပါပဲ။ ဒေသတွင်းနိုင်ငံတွေက မြန်မာနိုင်ငံ
ချွတ်ခြုံကျနေတာကို အမြတ်ထုတ်နေကြပါတယ်။ အထူးသဖြင့် ထိုင်းနိုင်ငံက မြန်မာ
နိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေကို ခိုင်းတယ်။

အလားတူ ဇင်ဘာဘွေရဲ့ အိမ်နီးချင်းဖြစ်တဲ့ တောင်အာဖရိကနိုင်ငံကလည်း မြန်မာ
နိုင်ငံအပေါ် ထိုင်းနိုင်ငံက ကျင့်သုံးသလို ဇင်ဘာဘွေရဲ့ အားနည်းချက်ကို အခွင့်
ကောင်းယူနေတာ တွေ့ရပါတယ်။ ခြုံပြောရရင်တော့ အမေရိကန်သံတမန် ပြောသလို
ဘယ်သူ့ကို ဘယ်သူက ဆရာတင်သလဲတော့ မသိဘူး၊ ဒီအစိုးရနှစ်ခုကြောင့် ပြည်သူ
တွေ ဆင်းရဲနစ်နာနေရတာတော့ အမှန်ပါပဲ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG