ဇွန် ၁၆၊ ကမ္ဘာရေနံစိမ်းဈေးနှုန်းဟာ အခုလ ပထမဆုံးပတ် သောကြာနေ့ကတည်းက ၄ ဒေါ်လာကျော် ကျဆင်းသွားတယ်ဆိုပေမယ့် ရေနံဈေးကတော့ တစည်ကို ၁၃၉ ဒေါ်လာနဲ့ စံချိန်သစ် တင်သွားခဲ့ပါတယ်။
နောက်ပိုင်း ရေနံဈေးတွေ ကျဆင်းသွားတယ်ပဲထား ဓါတ်ဆီဈေးကတော့ ဘယ်လိုမှ ပြန်ကျမှာ မဟုတ်ဘူးလို့ စီးပွားရေးပညာရှင်တွေက ပြောပါတယ်။ ဒီလို ဓါတ်ဆီဈေးနှုန်းတွေ ထိုးတက်သွားတာကြောင့် အာရှနဲ့ ဥရောပတလွှားမှာတော့ စိုးရိမ်မှုတွေ တိုးများလာပါတယ်။
အခုလို လောင်စာဆီဈေးနှုန်းတွေ မြင့်တတ်တာအပေါ် ဆန္ဒပြမှုတွေလည်း ကမ္ဘာအနှံအပြားမှာ ပြန်နှံဖြစ်ပေါ်လာနေတယ်လို့ ဗီအိုအေ သတင်းထောက် Mil Arcega က ရေးသားထားတာကို ကိုသားညွန့်ဦးက တင်ဆက်ထားပါတယ်။