ဇင်ဘာဘွေနိုင်ငံမှာ အတိုက်အခံခေါင်းဆောင် မော်ဂန်ရှန်ဂရမ်း
ရွေးကောက်ပွဲကနေ နုတ်ထွက်သွားတဲ့နောက် ဇင်ဘာဘွေရွေးကောက်ပွဲတွေကို
ဆိုင်းငံ့ထားဖို့ နိုင်ငံတကာက ဖိအားပေးတောင်းဆိုနေပေမယ့်၊ ဇင်ဘာဘွေသမ္မတ
မူဂါဘီကတော့ ရွေးကောက်ပွဲတွေ ဆက်လုပ်သွားဖို့ ဆိုင်းပြင်နေပါတယ်။
ဒါကြောင့်လည်း မစ္စတာ မူဂါဘီအပေါ် နိုင်ငံတကာရဲ့ ဝေဖန်ပြစ်တင်မှုတွေ
ပိုတိုးများလာပါတယ်။
မနေ့ကတော့ ဆွာဇီလန်နိုင်ငံ မြို့တော်မှာ
အာဖရိကတောင်ပိုင်းခေါင်းဆောင်တွေ စည်းဝေးခဲ့ပါတယ်။ လာမယ့် သောကြာနေ့
ဇင်ဘာဘွေရွေးကောက်ပွဲလုပ်မယ့်အစီအစဉ်ကို ဆိုင်းငံထားဖို့
ဒီခေါင်းဆောင်တွေက ဇင်ဘာဘွေအစိုးရကို တိုက်တွန်းပါတယ်။
ဒီရွေးကောက်ပွဲလုပ်မယ်ဆိုရင်
ရှက်ဖွယ်ကောင်းတဲ့လုပ်ရပ်ဖြစ်လာမယ်လို့ အမေရိကန်သမ္မတ ဂျောဂ်ျ
ဒဗလျူဘွတ်ရှ်က ပြောပါတယ်။ ကိုယ်စားလှယ်တွေအနေနဲ့ ခြိမ်းခြောက်ခံရမှုမရှိပဲ
မဲဆွယ်စည်းရုံးတာတွေ မလုပ်နိုင်ဘူးဆိုရင် ဒါဟာ လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေ
ဖြစ်မလာနိုင်ဘူးလို့ သမ္မတ ဘွတ်ရှ်က ပြောပါတယ်။
ဇင်ဘာဘွေ
အတိုက်အခံခေါင်းဆောင် မော်ဂန်ရှန်ဂရမ်းနဲ့ဗီအိုအေက မေးမြန်းဆက်သွယ်တော့ -
တိုင်းပြည်အတွင်း အကြမ်းဖက်လုပ်ရပ်တွေကြောင့် ဇင်ဘာဘွေပြည်သူတွေရဲ့
အသက်အန္တရာယ်ဟာ စိုးရိမ်စရာရှိနေတယ်လို့ မစ္စတာ ရှန်ဂရမ်းကပြောပါတယ်။ မစ္စတာ
ရှန်ဂရမ်းဟာ သူ့ရဲ့လုံခြုံရေးစိုးရိမ်ချက်ကြောင့် ဟာရီရီမြို့
ဒတ်ခ်ျသံရုံးမျာ ခုံလှုံနေရပါတယ်။ မစ္စတာရှန်ဂရမ်းရဲ့အခြေအနေဟာ
မလုံမခြုံရှိနေတယ်ဆိုတဲ့အပေါ် ဇင်ဘာဘွေ ဒုတိယပြန်ကြားရေးဝန်ကြီး Bright
Matanga ကတော့ ငြင်းဆန်ပါတယ်။