သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်ဟာ မူးယစ်ဆေးဝါး အထွက်တိုးတိုင်းပြည် ဖြစ်နေဆဲ


UNODC လို့ခေါ်တဲ့ ကုလသမဂ္ဂ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဌာနက ကမ္ဘာတဝှမ်း
မူးယစ်ဆေးဝါးထုတ်လုပ်မှုနဲ့ ပတ်သက်တဲ့ ၂၀၀၈ ခုနှစ် အစီရင်ခံစာအသစ်တစောင်
မနေ့ကပဲ ထွက်လာပါတယ်။ အဲဒီအထဲမှာ အာဖဂန်နစ္စတန်၊ ကိုလံဘီယာနဲ့ မြန်မာနိုင်ငံ
တွေမှာရှိတဲ့ လက်နက်ကိုင်သူပုန်တွေ ထိန်းချုပ်တဲ့ ဒေသတွေကနေထွက်တဲ့ ဘိန်းတွေ
ဟာ ဆက်ပြီး အထွက်တိုးနေတုန်းပဲလို့ ဆိုပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး UNODC အဖွဲ့က အစီရင်ခံစာကိုရေးသားဖို့ သုတေသန
လုပ်ခဲ့တဲ့ သောမတ်စ် ပစ်ချန်မင်က …

“ပြီးခဲ့တဲ့၂ နှစ်အတွင်း ဘိန်းထုတ်လုပ်ဖြန့်ချိရေးတွေ သိသိသာသာ တိုးတက်လာပါ
တယ်။ တကမ္ဘာလုံး အတိုင်းအတာအရ ဘိန်းထုတ်လုပ်မှုဟာ ၂ ဆ တိုးလာတာပါ။
ဒီအခြေအနေတွေဟာ တကယ့်ကို သတိထားစရာပါ။ အများဆုံးထုတ်လုပ်နေတာတွေ
က အာဖဂန်နစ္စတန်နဲ့ မြန်မာပြည်ကပါ။ မြန်မာပြည်ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်က တိုးတက်
မှုတွေနဲ့စာရင် လျော့သွားရမယ့်အစား တိုးပြီးထုတ်လုပ်မှုရော စိုက်ပျိုးမှုရော မြင့်လာခဲ့
တာပါ။

၂၀၀၇ ခုနှစ် တနှစ်ထဲမှာကိုပဲ ၃၄% အထိ တိုးလာခဲ့တာပါ။ လောလောဆယ်မှာတော့
ဆက်ပြီး ဘိန်းထုတ်လုပ်ဖြန့်ချိမှုတွေ တိုးမြင့်လာတာ မတွေ့ရသေးပါဘူး။ ကျနော်တို့
ထင်တာက ဘိန်းတွေက ဈေးကွက်ထဲကို ရောက်မလာသေးဘဲ လှောင်ထားတယ်လို့
ယူဆရပါတယ်။ ဒီအခြေအနေတွေကိုလည်း သတိပေးထားပါတယ်။ မကြာခင်ကာလ
အတွင်း ဈေးကွက်ထဲကို ရောက်လာမယ်လို့ ထင်ရပါတယ်”။ လို့ ပြောသွားပါတယ်။

UNODC ရဲ့ အစီရင်ခံစာအရ ၂၀၀၇ ခုနှစ်အတွင်း ဘိန်းစိုက်ပျိုးမှု ၂၉% တိုးလာပြီး
ရှမ်းပြည်နယ်က ၂၄% တိုးစိုက်လာတယ်လို့ ဆိုပါတယ်။ ၂၀၀၇ ခုနှစ်အတွင်းမှာပဲ
မြန်မာပြည်က ဘိန်းထုတ်လုပ်မှုဟာ ဒေါ်လာ သန်း ၁၂၀ အထိ မြင့်တက်လာခဲ့တယ်
လို့လည်း ဆိုပါတယ်။

မြန်မာပြည်က ထပ်ပြီးအထွက်တိုးနေတဲ့ မူးယစ်ဆေးဝါးတခုကတော့ မက်သ် အမ်ဖက်
တမင်း ဆေးပြားတွေပါပဲ။ ဝတွေထိန်းချုပ်ထားတဲ့ ရှမ်းပြည်မြောက်ပိုင်းနဲ့ အရှေ့ပိုင်း
ဒေသတွေကနေ အမ်ဖက်တမင်းဆေးပြားတွေ ထွက်နေတာလို့ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG