သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ မူးယစ်ဆေး စိုက်ပျိုးထုတ်လုပ်မှုတိုးလာ


မြန်မာနိုင်ငံမှာ ဆယ်စုနှစ်အတွင်း ဘိန်းစိုက်ဧရိယာ ဟက်တာ တသိန်းလေးသောင်းကနေ နှစ်သောင်းခုနှစ်ထောင်ကျော် အထိ ကျဆင်းလာတယ်လို့ မြန်မာစစ်အစိုးရရဲ့ မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေနိုင်သော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ် ရေး ဗဟိုအဖွဲ့ ဥက္ကဌ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ပြောဆို လိုက်တဲ့ တချိန်ထဲမှာပဲ ယူအန်အိုဒီစီခေါ် ကုလသမဂ္ဂ မူးယစ်ဆေးနဲ့ ရာဇဝတ်မှု နှိမ်နင်းရေးအဖွဲ့ကတော့ မြန်မာနိုင်ငံမှာ ဘိန်းစိုက်ဧရိယာ ၂၉ ရာခိုင်နှုန်း ပြန်မြင့်တက်လာပြီး ဘိန်းထုတ်လုပ်မှု လည်း ၄၆ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ ပြောဆိုလိုက်ပါတယ်၊

ဇွန်(၂၆) ရက်နေ့စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ UNODC ရဲ့ ၂၀၀၈ ခုနှစ် ကမ္ဘာတဝှမ်း မူးယစ်ဆေးထုတ်လုပ်မှုနဲ့ ပတ်သက်တဲ့ အစီရင်ခံစာမှာ အခုလိုပြောဆိုလိုက်တာပါ၊

တဖက်က မူးယစ်ဆေး စိုက်ပျိုးထုတ်လုပ်မှု နဲ့ တဖက်က လက်နက်ကိုင်သောင်းကြမ်းမှု နှစ်ခုဟာ အကျိုးတူ ကူးလူးဆက်ဆံ လုပ်ဆောင်နေတဲ့ အချက်ပါပဲ၊ အာဖဂန်နီစတန်၊ ကိုလံဘီယာနဲ့ မြန်မာနိုင်ငံတွေမှာ အစိုးရက ထိမ်းချုပ်မှု အားနည်းတဲ့ နယ်မြေ ဒေသတွေမှာ တရားမဝင်လုပ်ဆောင်ချက်တွေဟာ ပြန့်နှံ့နေပါတယ်၊

မြန်မာနိုင်ငံမှာ ၂၀၀၇ ခုနှစ်အတွင်း ဘိန်းစိုက်ဧရိယာ ၂၉ ရာခိုင်နှုန်း မြင်တက်လာပြီး ရှမ်းပြည်နယ်တခုထဲမှာကိုပဲ ၂၄ ရာခိုင်နှုန်း တိုးမြှင့်စိုက်ပျိုးလာတယ်လို့ဆိုပါတယ်၊

တချိန်ထဲမှာပဲ တရုတ်အစိုးရကလည်း အိုလမ်ပစ်အခမ်းအနားကျင်းပမဲ့ ဘီဂျင်းမြို့တော်အပါအဝင် တရုတ်နိုင်ငံတဝှမ်း မူးယစ်ဆေး တိုက်ဖျက် ရေး ကို လုပ်ဆောင်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်၊

တရုတ်နိုင်ငံတဝှမ်း ၂၀၀၇ ခုနှစ်အတွင်း ဘိန်းဖြူတန်ချိန် ၁၇.၅ တန် နဲ့ မက်သာဖက်တမင်း စိတ်ကြွဆေး ၁၉. ၇ တန် ဖမ်းဆီးရမိခဲ့တာမှာ ဘိန်းဖြူတန်ချိန် ၁၃ တန်နဲ့ စိတ်ကြွဆေး ၉ တန်ကျော်ဟာ မြန်မာ၊ ထိုင်းနဲ့ လာအို နယ်စပ်တို့ ထိစပ်နေတဲ့ ရွှေတြိဂံနယ်မြေ နဲ့ တရုတ်ပြည်နယ်စပ်ဖြစ်တဲ့ ယူနမ်ပြည်နယ် တခုထဲက ဖြစ်တယ်လို့ တရုတ်အာဏာပိုင်တွေက ဆိုပါတယ်၊

UNODC ရဲ့ အစီရင်ခံစာအရ ကမ္ဘာတဝှမ်း အရွယ်ရောက်ပြီးသူ ၂၆ သန်းဟာ မူးယစ်ဆေးဝါးသုံးစွဲသူတွေ ဖြစ်နေတယ်လို့လဲ ဖေါ်ပြထား ပါတယ်ရှင်၊

ဆက်စပ်သတင်းများ ...

XS
SM
MD
LG