သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး တံခါးပိတ်အစည်းအဝေး ကုလသမဂ္ဂ၌ ကျင်းပ


မြန်မာနိုင်ငံအတွင်းက ကပ်ဘေးကယ်ဆယ်ရေး
လုပ်ငန်းတွေမှာ နိုင်ငံတကာ အကူအညီပေးရေး
ကိစ္စနဲ့ မြန်မာပြည် ဒီမိုကရေစီဖြစ်ထွန်းရေး ကိစ္စ
တွေအပေါ်မှာ ကုလသမဂ္ဂ အပါအဝင် နိုင်ငံ
တကာက စိုးရိမ်ပူပန်ချက်တွေကို ထုတ်ဖော်
ပြောဆိုခဲ့ကြပါတယ်။ အဲဒီစိုးရိမ်မှုတွေအပေါ်မှာ
ကိုင်တွယ်နိုင်ရေး ကုလသမဂ္ဂဘက်ကတော့
မြန်မာအာဏာပိုင်တွေ၊ သက်ဆိုင်ရာအဖွဲ့အစည်း
တွေနဲ့ ညှိနှိုင်းဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါ
တယ်။ အပြည့်အစုံကို ကိုသားညွန်ဦးက တင်ပြ
ပေးထားပါတယ်။

မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာရဲ့ စိုးရိမ်ချက်တွေက
တော့ အရင်ကတည်းက ရှိခဲ့တာပါ။ ဒါပေမယ့် မုန်တိုင်းကပ်ဘေး ကျရောက်ပြီးနောက်
လူသားချင်း စာနာကူညီမှုဆိုင်ရာ ကိစ္စတွေ ပေါ်လာပြီး လူ သောင်းနဲ့ချီပြီး သေဆုံးခဲ့ရ
တဲ့ ကပ်ဘေးကယ်ဆယ်ရေး လုပ်ငန်းတွေမှာ မြန်မာအာဏာပိုင်တွေဘက်က အကန့်
အသတ်တွေ လုပ်တဲ့အပေါ်မှာ နိုင်ငံတကာက ဒီကိစ္စအပေါ်မှာလည်း စိုးရိမ်ချက်တခု
ထပ်တိုးလာတယ်လို့ ဆိုရမှာပါ။ ဒီကိစ္စနဲ့ပတ်သက်လို့ ကုလသမဂ္ဂရဲ့ ကမကထလုပ်
ဆောင်ရွက်ချက်တွေဟာ အတော်လေး ခရီးရောက်ခဲ့တယ်လို့ ပြောလို့ရပါတယ်။

မနေ့ကလုပ်တဲ့ နယူးယောက်ခ်မြို့ ကုလသမဂ္ဂ သတင်းစာရှင်းလင်းပွဲမှာလည်း ကုလ
သမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Ban Ki-moon) က မြန်မာနိုင်ငံနဲ့
ပတ်သက်လို့ စိုးရိမ်ချက်နှစ်ခုမှာ တခုကိုတော့ မြန်မာအာဏာပိုင်တွေဘက်က ပူးပေါင်း
ဆောင်ရွက်မှု ရှိခဲ့တယ်လို့ အသိအမှတ်ပြုပြီး အခုလိုပြောခဲ့ပါတယ်။

“မြန်မာနိုင်ငံအတွက် ကျနော်တို့မှာ စိုးရိမ်စရာ အခြေအနေနှစ်ခု ရှိပါတယ်။ တခုက
တော့ လူသားချင်း စာနာကူညီမှုဆိုင်ရာ ကိစ္စပါ။ ကုလသမဂ္ဂ ဝန်ထမ်းတွေနဲ့ နိုင်ငံ
တကာက ကယ်ဆယ်ရေးလုပ်သားတွေအနေနဲ့ မြန်မာနိုင်ငံမှာ လူသားချင်းစာနာကူညီ
မှု အထောက်အပံ့တွေ ပေးနိုင်ဖို့ရာ မြန်မာအာဏာပိုင်တွေအနေနဲ့ လမ်းကြောင်းမှန်ကို
ဦးတည်နေတယ်လို့ ကျနော်ထင်ပါတယ်။

“ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ရဲ့ ရဟတ်ယာဉ် ၁၀ စင်းဟာ လိုအပ်တဲ့ အကူ
အညီ အထောက်အပံ့တွေပေးရာမှာ အတော်လေးကို ဆောင်ရွက်ပေးနေပါတယ်။
ဒီအခြေအနေကို ကျနော်တို့အနေနဲ့ ဆက်ပြီး ကြီးကြပ်ဆောင်ရွက်နေသလို မြန်မာ
အာဏာပိုင်တွေအနေနဲ့လည်း ညှိနှိုင်းဆောင်ရွက်နေပါတယ်။ ကုလသမဂ္ဂ၊ အာဆီယံနဲ့
မြန်မာနိုင်ငံပါဝင်တဲ့ သုံးပွင့်ဆိုင်အဖွဲ့အနေနဲ့လည်း အတော်လေးကို လုပ်ငန်းတွေ
ဆောင်ရွက်နေပါတယ်။ လာမယ့် ဇူလိုင်လထဲမှာတော့ ပြန်လည်ထူထောင်ရေးနဲ့
အရေးပေါ် လူသားချင်းစာနာကူညီမှု အထောက်အပံ့ တင်ပြချက်တွေကို ပြန်ပြီး
စိစစ်ဖို့ ရှိပါတယ်။”

ကပ်ဘေးကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့ပတ်သက်လို့ ကုလသမဂ္ဂ တာဝန်ရှိသူတွေ၊
အာဆီယံက တာဝန်ရှိသူတွေနဲ့ မြန်မာအစိုးရတို့အကြား ပူးပေါင်းဆောင်ရွက်တဲ့
ဆွေးနွေးပွဲတွေကို အခုရက်ပိုင်းအတွင်း ဆက်တိုက် ဆောင်ရွက်နေသလိုပဲ လာမယ့်
ဇူလိုင်လထဲမှာ ကပ်ဘေးကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးကိစ္စ ဒုတိယအကြိမ်
နိုင်ငံတကာ အစည်းအဝေးကိုလည်း ကျင်းပဖို့ စိုင်းပြင်းနေကြပါတယ်။ ဒါကြောင့်လည်း ဒီကပ်ဘေးကယ်ဆယ်ရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂဘက်က ကမကထပြုပြီး
ဆောင်ရွက်နေတာတွေမှာ တစုံတရာ အတိုင်းအတာတော့ အောင်အောင်မြင်မြင်
ရှိတယ်လို့ အများကလည်း အသိအမှတ် ပြုထားပါတယ်။

ဒါပေမယ့် ဟိုတုန်းကတည်းက အရှည်သဖြင့်ရှိနေတဲ့ မြန်မာ့နိုင်ငံရေး ပြဿနာကတော့
ကုလသမဂ္ဂဘက်က ထိထိရောက်ရောက် ကိုင်တွယ်နိုင်သေးခြင်း မရှိဘူးလို့ နိုင်ငံရေး
လေ့လာသူတွေက ယူဆနေပါတယ်။ ဒါ့အပြင် မစ္စတာဘန်ကီမွန်းကိုယ်တိုင် ပြီးခဲ့တဲ့လ
က မုန်တိုင်းကယ်ဆယ်ရေးနဲ့ ပတ်သက်ပြီး ရန်ကုန်ကိုရောက်တုန်းကလည်း နိုင်ငံရေး
ကိစ္စနဲ့ပတ်သက်ပြီး ထုတ်ဖော်မပြောတဲ့အပေါ်မှာ ဝေဖန်မှုတွေ ရှိနေပါတယ်။

ဒါပေမယ့် ကုလသမဂ္ဂအနေနဲ့ နိုင်ငံရေးပြဿနာကိုလည်း အလေးထားပြီး ညှိနှိုင်း
ဆောင်ရွက်နေတယ်လို့ မစ္စတာဘန်ကီမွန်းက မနေ့က ပြောခဲ့ပါတယ်။

“နောက် မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အတော်လေး စိုးရိမ်နေရတဲ့ အချက်ကတော့
မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီဖြစ်ထွန်းရေး လုပ်ငန်းကိစ္စတွေပါပဲ။ ဒီအထဲမှာ
ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ပြီး နေအိမ်အကျယ်ချုပ် ထိန်းသိမ်းထားတာလည်း
ပါဝင်ပါတယ်။

“ကျနော်တို့အနေနဲ့ ကုလသမဂ္ဂ ညီလာခံကြီးကနေ တာဝန်ပေးထားတဲ့ မစ္စတာ
ဂမ်ဘာရီ (Gambari) ကတဆင့် မြန်မာနိုင်ငံ တွေ့ဆုံဆွေးနွေးရေးတွေ ဆက်လုပ်သွား
မှာပါ။ ဒီလုပ်ငန်းစဉ်ကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ နက်နက်ရှိုင်းရှိုင်း ဆက်လုပ်သွားမှာ
ဖြစ်ပါတယ်။

ဒီကနေ့ နေ့လယ်မှာတော့ မစ္စတာဂမ်ဘာရီ အပါအဝင် အခြား သက်ဆိုင်ရာနိုင်ငံတွေ
က သံတမန် ကိုယ်စားလှယ်တွေနဲ့ မြန်မာနိုင်ငံအရေး ညှိနှိုင်းဆွေးနွေးမှုတရပ် လုပ်ဖို့
ရှိပါတယ်။”
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း ပြောသွားခဲ့တာ ဖြစ်ပါတယ်။

နယူးယောက်ခ်စံချိန် ညနေပိုင်းမှာတော့ ကုလသမဂ္ဂဌာနချုပ်မှာ ကုလသမဂ္ဂ အတွင်း
ရေးမှူးချုပ်ကိုယ်တိုင် ဦးဆောင်ပြီး နိုင်ငံအချို့က ကိုယ်စားလှယ်တွေ၊ မြန်မာနိုင်ငံဆိုင်
ရာ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီတို့နဲ့ မြန်မာနိုင်ငံကိစ္စကို တံခါးပိတ်ဆွေးနွေး
မှုတခု လုပ်ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ ထူးခြားမှုကိုတော့ ကုလသမဂ္ဂဘက်ကရော
အခြား သက်ဆိုင်ရာနိုင်ငံတွေဘက်ကရော ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။

မစ္စတာဂမ်ဘာရီအနေနဲ့ နောက်လထဲမှာ မြန်မာနိုင်ငံကို သွားရောက်ဖို့ရှိပေမယ့် အတိ
အကျ ရက်သတ်မှတ်တာတော့ မလုပ်ရသေးဘူးလို့ မစ္စတာဂမ်ဘာရီရဲ့ ပြောခွင့်ရသူက
ဆိုပါတယ်။ တဆက်တည်းမှာ မနေ့ကလုပ်တဲ့ G8 စက်မှုထိပ်သီး ၈ နိုင်ငံ အစည်းအဝေး
မှာလည်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီဖြစ်ထွန်းရေး လုပ်ငန်းစဉ်တွေနဲ့ မုန်တိုင်း
ကယ်ဆယ်ကူညီရေး ကိစ္စတွေမှာ မြန်မာအာဏာပိုင်တွေဘက်က တိုးတက်မှုရှိလာ
အောင် လုပ်ဖို့လိုတယ်လို့ တက်ရောက်ခဲ့တဲ့နိုင်ငံတွေက ထောက်ပြဆွေးနွေးခဲ့ကြတယ်
လို့ ဂျပန်တာဝန်ရှိသူတဦးက ကျိုဒိုသတင်းဌာနကို ပြောခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG