အတိုက်အခံခေါင်းဆောင် မော်ဂန် ချန်ဂရိုင်းဟာ သမ္မတ ရွေးကောက်ပွဲက နုတ်ထွက်တယ်လို့ ဒီသီတင်းပတ် စောစောပိုင်းကပဲ ကြေညာ ခဲ့ပါတယ်။ အတိုက်အခံတွေအပေါ် အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲအဖြစ် ဆက်ပြီး ကျင်းပဖို့ မဖြစ်နိုင်တဲ့ အတွက် သူနုတ်ထွက်ခဲ့တာလို့လည်း မော်ဂန် ချန်ဂရိုင်းက ပြောပါတယ်။
တကယ်လို့ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အနေအထားမျိုးမှာ မရှိရင် ရွေးကောက်ပွဲကို မဲမထည့်ဘဲ သပိတ်မှောက် ပေးပါလို့လည်း မော်ဂန် ချန်ဂရှိုင်းက ပြည်သူတွေကို ပန်ကြားထားပါတယ်
ဒီနေ့
ဟယ်ရာရီ မြို့တော်ကို ရောက်နေတဲ့ သတင်းထောက်တွေ အပြောအရ သမ္မတ မူဂါဘီကို
ထောက်ခံသူတွေက လူတွေကို မဲရုံတွေကို သွားပြီး မဲမဖြစ်မနေ ထည့်အောင် ခြိမ်းခြောက်
တိုက်တွန်းခဲ့တယ်လို့ ပြောပါတယ်။ တချို့ မဲရုံတွေမှာ လူတွေ ပြည့်သိပ်နေပေမယ့်
တချို့ နေရာတွေမှာ မဲပေးမဲ့သူ မရှိသလောက်ပဲလို့လည်း ပြောပါတယ်။
ဒီရွေးကောက်ပွဲမှာ
သမ္မတ မူဂါဘီလည်း မဲထည့်ခဲ့ပါတယ်။ သူ့အနေနဲ့ ရွေးကောက်ပွဲရလဒ်ကို အကောင်းမြင်
မျှော်လင့်တယ်လို့ ပြောဆိုတာက လွဲလို့ သတင်းထောက်တွေကို တခြား ပြောဆိုခဲ့တာ
မရှိပါဘူး။
ဒီအတောအတွင်း
ဥရောပ သမဂ္ဂက ဇင်ဘာဘွေ သမ္မတ ရွေးကောက်ပွဲက ရလာမယ့် ရလဒ်ကို လက်မခံတဲ့အကြောင်းနဲ့ ဒီ
ရလဒ်ဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲသာဖြစ်တယ်လို့ ကြေညာချက် ထုတ်ပြန်ပါတယ်။