သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပင်မ နျူကလီးယား ဓါတ်ပေါင်းဖို မြောက်ကိုရီးယား ဖြိုချပြီ


မြောက်ကိုရီးယားနိုင်ငံဟာ သူ့ရဲ့ အဓိက Yongbyon နျူကလီးယား ဓါတ်ပေါင်းဖို ဝင်းထဲက အအေးခံ ဓါတ်ပေါင်းဖို မျှော်စင် အဆောက်အဦ ကြီးကို ဖျက်ဆီးပေးလိုက်ပါတယ်။

နျူကလီးယား လက်နက် ဖျက်သိမ်းရေးအတွက် နိုင်ငံတကာနဲ့ သဘောတူညီ ထားချက်တွေထဲက တစိတ်တပိုင်းအဖြစ် အခုလို အအေးခံ ဓါတ်ပေါင်းဖို မျှော်စင်ကို ဖျက်ဆီး ဖြိုချလိုက်တာပါ။

ပေ ၆၀ လောက်မြင့်တဲ့ အအေးခံ ဓါတ်ပေါင်းဖို မျှော်စင် ပြိုကျသွားပြီး မြေပြင်ပေါ်မှာ ဖုံမှုံတွေ၊ မီးခိုးတွေ လိပ်တက် လာတာကို ဗွီဒီယို မှတ်တမ်းတွေမှာ တွေ့နေရပါတယ်။

ဒီလို အအေးခံ ဓါတ်ပေါင်းဖို မျှော်စင် ဖျက်ဆီးလိုက်တာကို မျက်မြင် ကြည့်ရှု လေ့လာနေတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကက နျူကလီးယား ဆိုင်ရာ ကျွမ်းကျင်သူ ဆွန် ကင်း (Sung Kim) က ဒီ ဖျက်ဆီးမှုဟာ မြောက်ကိုရီးယား နျူကလီးယား ဖျက်သိမ်းရေးအတွက် အရေးကြီးတဲ့ ခြေလှမ်းဖြစ်တယ်လို့ ပြောဆိုပါတယ်။ ၆ နိုင်ငံဆွေးနွေးပွဲဟာ ရှေ့ကို တိုးတက်မှုတွေ ရှိနေတဲ့ ကောင်းမွန်တဲ့ လက္ခဏာလို့ သူက ရှုမြင်ပါတယ်။

မြောက်ကိုရီးယားဘက်က နျူကလီးယားနဲ့ပတ်သက်တဲ့ ပိုင်ဆိုင်မှုနဲ့ လှုပ်ရှားဆောင်ရွက်မှုတွေ တရုတ် အာဏာပိုင်တွေ လက်ထဲကို လွှဲပြောင်းပြီး နောက်တစ်ရက်မှာ အခုလို အအေးခံ မျှော်စင်ကို ဖေါက်ခွဲ ဖျက်ဆီးလိုက်တာပါ။ ဒီလို နျူကလီးယား ပိုင်ဆိုင်မှုတွေ စာရင်း ထုတ်ပြန်ဖို့ မြောက်ကိုရီးယားဘက်က အချိန်အတော်ကြာ နှောင့်နှေး ကြံ့ကြာခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG