သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စည်းလုံးညီညွတ်ရေးအတွက် အိုဘားမားနဲ့ ကလင်တန် ပူးတွဲ လှုံ့ဆော်


အမေရိကန်ပြည်ထောင်စု ဒီမိုကရက်ပါတီ သမ္မတ ကိုယ်စားလှယ်လောင်း ဘားရတ် အိုးဘားမားဟာ သူ့ရဲ့ ယခင် ပြိုင်ဖက်ဟောင်း ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် ဟီလ်လရီ ကလင်တန်နဲ့ မှတ်မှတ်ရရ နယူးဟမ်ရှိုင်း ပြည်နယ်က Unity ဆိုတဲ့ မြို့မှာ တွေ့ဆုံခဲ့ပါတယ်။

သူတို့နှစ်ဦး ယခင်ပြိုင်ပွဲတွေမှာ အကျိတ်အနယ် ယှဉ်ပြိုင်ပြီး ပထမဆုံး အများပြည်သူရှေ့ အတူ ထွက်ပြလာချိန်မှာတော့ စီးပွားရေး သဘာဝပတ်ဝန်းကျင် ကျန်းမာရေး စောင့်ရှောက်မှု အီရတ်ကိစ္စ စတဲ့ အကြောင်းရပ် အတော်များများနဲ့ ပတ်သက်လို့ ရည်မှန်းချက် တူတာတွေကို ထုတ်ဖော်ခဲ့ကြပါတယ်။

သူတို့နှစ်ဦးဟာ စတင်တုန်းက သီးခြားစီ ဖြစ်ခဲ့ပေမယ့် အခုတော့ မစ္စတာ အိုဘားမား သမ္မတ အရွေးခံရရေးမှာ တူညီတဲ့ ရည်မှန်းချက် ရှိတယ်လို့ အထက် လွှတ်တော်အမတ် ဟယ်လာရီ ကလင်တန်က ပြောပါတယ်။

အထက်လွှတ်တော်အမတ် အိုးဘားမားကလည်း အထက် လွှတ်တော်အမတ် ဟယ်လာရီ ကလင်တန်နဲ့ သမ္မတဟောင်း ဘီလ်ကလင်တန်တို့ နှစ်ဦးစလုံးဟာ အကွဲကွဲ အပြားပြား ဖြစ်ခဲ့တဲ့ ဒီမိုကရက်တစ် ပါတီအတွက်ရော အမေရိကန် လူ့အဖွဲ့အစည်းကိုပါ ပြန်လည် ညီညွတ်မှုဖြစ်စေဖို့ အရေးကြီးတဲ့ အခန်းမှာ ရှိတယ်လို့ အခုလို ပြောသွားပါတယ်။

"သူတို့ဟာ ကျနော့် မဲဆွယ်စည်းရုံးပွဲတွေ အတွက်တင် မဟုတ်ပါဘူး အခု လပိုင်းနှစ်တွေအတွင်း အမေရိကန် ပြည်သူတွေ အနေနဲ့ သူတို့ရဲ့ အယူအဆ သူတို့ရဲ့ အမျှော်အမြင်နဲ့ သူတို့ရဲ့ စွမ်းဆောင်မှုတွေ လိုအပ်နေပါတယ်။ ဒါမှသာ ဒီမိုကရက်တစ်ပါတီ အတွင်းရော အမေရိကန်ပြည်သူတွေ အကြားမှာရော ညီညွတ်မှုကို ကျနော်တို့ လုပ်ဆောင်နိုင်ပြီး ကျနော်တို့ မြတ်နိုးတဲ့ ဒီနိုင်ငံအတွင်းက နေရာအသီးသီးက လူတွေအတွက် အမေရိကန် အိပ်မက်တွေကို ဆောင်ကျဉ်းပေးနိုင်မှာပါ။"

တဖက်မှာတော့ ရီပတ်ပလင်ကန် သမ္မတလောင်း ဂျွန်မက်ကိန်းက သူ့ကို ထောက်ခံသူတွေကို ပြောရာမှာ တချိန်က ကလင်တန် ထောက်ခံသူတွေက မစ္စတာ အိုးဘားမားကို ထောက်ခံဖို့ တွန့်ဆုတ်ကြတဲ့အတွက် သူ့ဖက် ဒီမဲတွေ ရောက်လာနိုင်ဖို့ မျှော်လင့်တယ်လို့ ဆိုနေပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG