သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီပဲယင်းရာဇဝင်ကဗျာ ဖော်ပြတဲ့ ချယ်ရီမဂ္ဂဇင်း သတိပေးခံရ


ဇွန်လထုတ် ချယ်ရီ မဂ္ဂဇင်းက ဒီပရင်္ဂဆိုတဲ့ ကဗျာဟာ လူကြိုက်များခဲ့သလို အရောင်းသွက်ခဲ့ရတဲ့ ချယ်ရီဟာ အခုတော့ စာပေစိစစ်ရေးက သူတို့ရဲ့ မူဝါဒတွေနဲ့ ညှိစွန်းတယ်ဆိုပြီးတော့ ချယ်ရီမဂ္ဂဇင်းတိုက်က တာဝန်ရှိအယ်ဒီတာတွေကို စာပေစိစစ်ရေးက ခေါ်ယူစစ်ဆေးခဲ့သလို ချယ်ရီက အမှုဆောင် အယ်ဒီတာတဦး အလုပ်က နှုတ်ထွက်ခဲ့ရပါတယ်။ ဒေါ်သင်းသီရိက တင်ပြပေးပါတယ်။

ဒီပရင်္ဂဆိုတဲ့ ပါဠိစကားဟာ အများသိကြတဲ့ ဒီပဲယင်းမြို့ရဲ့ ရှေးသမိုင်းဝင် နာမည်ပါ။ ကဗျာဆရာက ဒီပဲယင်းအစား ဒီပရင်္ဂရယ်လို့ အမည်ပေးရင်း ဒီကဗျာကို စပ်ဆိုခဲ့တာပါ။ ကဗျာထဲမှာ မုံရွာရေဦးလမ်းပေါ်က သမိုင်းဝင် ဒီမြို့ကလေးက မဟာဗန္ဓုလလို သူရဲကောင်းတွေ၊ မုံတိုင်ပင် ဆရာတော် အရှင်ဝံဿ၊ မြသိန်းတန်ဆရာတော် အရှင်ဇိနတို့လို အကျော် အမော် ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်တွေ မွေးဖွားရာ ရှေးသမိုင်းဝင် မြို့ဟောင်းလေးလို့ စပ်ဆိုထားပါတယ်။ အခုတော့ ဒီမြို့မှာ သစ္စာဖောက်တွေ ရှိသလို အမျိုးသမီးတယောက် သေကံမရောက် အသက်မပျောက် ဖြစ်ခဲ့ရပြီး လူငယ်လေး တစ်ယောက ်သူ့ဆိုင်ကယ် ကျပျောက်ခဲ့ရတဲ့ မြို့ဖြစ်ပြီလို့ ကဗျာထဲမှာ စပ်ဆိုထားပါတယ်။ တကယ်တော့ ဒီကဗျာပါတဲ့ ချယ်ရီမဂ္ဂဇင်းဟာ မြန်မာနိုင်ငံမှာ စာပေစိစစ်ရေးရဲ့ မူဝါဒ အတိုင်း ပုံနှိပ်ထုတ်ေ၀ ဖြန့်ဖြူးခွင့်ကျပြီးခါမှ အခုလို ချယ်ရီမဂ္ဂဇင်းက ခေါ်ယူ အပြစ်ပေးခံရတာပါ။ ထုတ်ဝေပြီး နှစ်ပတ်အကြာ ပြီးခဲ့တဲ့ ဇွန်လ ၂၄ရက်နေ့မှာ ချယ်ရီက တာဝန်ရှိတဲ့ အယ်ဒီတာတွေကို စာပေစိစစ်ရေးက ခေါ်ယူပြီး ဒီကဗျာရွေးချယ်ခဲ့တဲ့ အယ်ဒီတာကိုဌေးအောင်ကို အလုပ်က ထုတ်ပယ်ပေးလိုက်ရတဲ့အထိ အပြစ်ပေးတာခံခဲ့ရတဲ့အကြောင်း ရန်ကုန်စာပေသမားတစ်ဦးက အခုလို ပြောပြပါတယ်။

"သူ့ကို ရုံးကခေါ်ပြီးတော့ သတိပေးတယ်။ စိစစ်ရေး ရုံးမှာ တော်တော် ဂယက်ရိုက်နေတယ် စာပေလောကမှာတော့၊ ဒီကဗျာကို တော်တော်ကြိုက်ကြပါတယ်။ ထိတယ်ပေါ့နော် သူတို့၊ ခေါ်ပြီးတွေ့ခံရတယ်။ မြန်မာစာပေလောကထဲမှာ အခု ုနောက်ပိုင်း ပိုပြီး တင်းတင်းကျပ်ကျပ်ကိုင်တွယ်မှုတွေကြောင့် စာပေအနုပညာရှင်တွေ အခက်အခဲဖြစ်ရတ ဲ့အကြောင်း ကိုလည်း သူက ဆက်ပြောပြပါတယ်။

"ဖြုတ်ပယ်တွေ တော်တော်များတယ်။ စာမူတွေ ဖြုတ်တာပယ်တာတွေက တအားလုပ်တယ်။ သူတို့ မဂ္ဂဇင်းဆိုလည်း ရှိသမျှ ကဗျာ ၁၄၊ ၅ ပုဒ်လောက်တင်တာ ၃၊ ၄ပုဒ်ပဲ ကျတယ်။ အရမ်း အဖြုတ်ခံရတယ်။ တခြား မဂ္ဂဇင်းတွေ စာကောင်းပေကောင်းတွေ အဖြတ်အတောက်ခံရတယ်။ စာပေသမားတွေက လွယ်အိတ်လေးလွယ်ပြီး အငတ်ငတ် အပြတ်ပြတ်နဲ့။ ဒီအတိုင်းပါပဲ။ အခုတော့ အရင်ကထက် ပိုဆိုးတာပေါ့။"

အခုချယ်ရီ မဂ္ဂဇင်းကို စာပေစိစစ်ရေးက အယ်ဒီတာ အသစ် ပြန်လည် ဖွဲ့စည်းခိုင်းထားပြီး ထုတ်ဝေခွင့်ကို ပိတ်ပင်တဲ့အထိတော့ အရေးမယူဘူးလို့ သိရပါတယ်။ အခုချယ်ရီမဂ္ဂဇင်းကို စာပေစီစစ်ရေးက အယ်တီတာ အဖွဲ့သစ်ပြန်လည်ဖွဲ့ခိုင်းထားပြီး ထုတ်ဝေခွင့်ပိတ်ပင်တဲ့အထိတော့ အရေးယူတာမျိုး မလုပ်ခဲ့ဘူးလို့ သိရပါတယ်၊


ဆက်စပ်သတင်းများ ...

XS
SM
MD
LG