အနောက်နိုင်ငံတွေက ခေါင်းဆောင်တွေအနေနဲ့
ဇင်ဘာဘွေ ရွေးကောက်ပွဲအပေါ် ဝေဖန်ပြောဆို
ခွင့်မရှိဘူးလို့ သမ္မတ ရောဘတ် မူဂါဘီ (Robert
Mugabe) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျော့ချ် ချာရမ်
ဘာ (George Charamba) က ပြစ်တင်ဝေဖန်
လိုက်ပါတယ်။
အီဂျစ်နိုင်ငံ ရှမ် အယ်လ် ရှိခ် (Sharm el-Sheikh)
မှာ ကျင်းပနေတဲ့ အာဖရိကသမဂ္ဂ ထိပ်သီး
ညီလာခံအတွင်း ဇင်ဘာဘွေနိုင်ငံမှာ
လတ်တလောဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကျပ်
အတည်းတွေကို တုံ့ပြန်ဖို့ ခေါင်းဆောင်တွေက
ပြင်ဆင်နေကြတဲ့အချိန်မှာ အခုလို ဝေဖန်ပြောဆိုမှု ထွက်ပေါ်လာတာပါ။
ပြီးခဲ့တဲ့စနေနေ့က ဇင်ဘာဘွေနိုင်ငံမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး
တရားမျှတမှုမရှိတဲ့အတွက် အဲဒီရလဒ်ကို အနောက်နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့
ကုလသမဂ္ဂက ပယ်ချထားပြီး အာဖရိကသမဂ္ဂအနေနဲ့လည်း အလားတူ တုံ့ပြန်ကြဖို့
လိုလားနေကြပါတယ်။ ဒါပေမယ့် မစ္စတာ မူဂါဘီကတော့ ဒီ အာဖရိကသမဂ္ဂ ထိပ်သီး
ညီလာခံကို တက်လာကြတဲ့ တခြားခေါင်းဆောင်တွေရဲ့ နွေးထွေးတဲ့ကြိုဆိုမှုကို ရရှိခဲ့ပါ
တယ်။ ဇင်ဘာဘွေနိုင်ငံနဲ့ သက်ဆိုင်တဲ့ ဆုံးဖြတ်ချက်တခု ထိပ်သီးစည်းဝေးပွဲမှာ
ဒီကနေ့ ချမှတ်ကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
လိုင်ဘေးရီးယား၊ ဆီရီယာ လီယွန်နဲ့ ဆီနီဂေါနိုင်ငံတွေ အပါအဝင် အာဖရိကနိုင်ငံ
တော်တော်များများက ပြီးခဲ့တဲ့ ဇင်ဘာဘွေ တကျော့ပြန် ရွေးကောက်ပွဲအပေါ် ပြင်းပြင်း
ထန်ထန်ဝေဖန်တဲ့ ကြေညာချက်မျိုး ထုတ်ပြန်ဖို့ လိုလားနေကြပါတယ်။
တောင်အာဖရိကနိုင်ငံ အပါအဝင် တခြားနိုင်ငံတချို့ကတော့ သမ္မတ မူဂါဘီရဲ့
ZANU–PF ပါတီအနေနဲ့ အတိုက်အခံတွေနဲ့ တွေ့ဆုံညှိနှိုင်းပြီး ကြားဖြတ်အစိုးရဖွဲ့စည်းဖို့
လိုလားနေကြပါတယ်။