ထိုင်းမြန်မာနယ်စပ်က ကေအန်ယူရဲ့ စခန်းကုန်းတခုကို ဒီကေဘီအေက
သိမ်းယူခဲ့တဲ့အတွက် ကေအန်ယူနဲ့ ဒီကေဘီအေတို့ တိုက်ပွဲတွေ ဖြစ်နေတဲ့ သတင်းတွေကို
မနေ့က ကျမတို့ ထုတ်လွင့်ပေးခဲ့ပါတယ်။
မနေ့က ည ၉နာရီနဲ့ ၁၀နာရီကြားလောက်မှာ ဒီကေဘီအေတပ်တွေ
ဝေါ်လေခီး စခန်းကနေ ပြန်ဆုတ်သွားခဲ့တယ်လို့ နောက်ဆုံးသတင်းတွေရရှိပါတယ်။ ဒါပေမယ့် ပြန်လည် ထိုးစစ်စင်လာနိုင်တယ်လို့
ကေအန်ယူဖက်က ယူဆတဲ့အတွက် တပ်တွေကို
ပြင်ဆင်ထားတယ်လို့လည်း သိရပါတယ်၊ မြန်မာစစ်အစိုးရ စစ်သား ၈၀လောက်နဲ့ ဒီကေဘီအေ
စစ်သား ၃၀လောက် ပါတယ်လို့ ထိုင်းထောက်လှမ်းရေး သတင်းတွေအရ သိရပါတယ်။
တိုက်ပွဲကြောင့် ထွက်ပြေးလာကြတဲ့ ဝေါ်လေခီးရွာသားတွေဟာ ခပ်လှမ်းလှမ်းက ရွာတွေကို ထွက်ပြေးခဲ့ကြပေမယ့် မြန်မာပြည်ဖက်က သေနပ်သံ တချက် နှစ်ချက်လောက်သာ ကြားရတော့ တဲ့ အတွက် သူတို့ရဲ့ ရွာတွေဆီကို ပြန်နေကြပြီလို့ သိရပါတယ်။ တိုက်ပွဲဟာ ၂ရက်ကြာ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ဲပြီး ကေအန်ယူဖက်က တယောက်သေဆုံးပြီး ၂ယောက် အဖမ်းခံရတယ်လို့ သိရပေမယ့် ဒီကေဘီအေဖက်က ဘယ်လောက်ထိခိုက် ကျဆုံးသလဲဆိုတာတော့ မသိရသေးပါဘူးရှင်။