သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလေဘေးဒုက္ခသည် ၈၀ ကို လူမှောင်ခိုလက်ထဲမှ ထိုင်းရဲတပ်ဖွဲ့ ကယ်တင်


နာဂစ်လေမုန်တိုင်း ဖြစ်ပွားပြီးနောက်ပိုင်း မုန်တိုင်းသင့်ဒေသက ကလေးငယ်တွေနဲ့ အမျိုးသမီးတွေကို အိမ်နီးချင်း တဖက်နိုင်ငံတွေဆီ တရားမဝင် လူကုန်ကူးတဲ့ ပြဿနာတွေကို မြန်မာအာဏာပိုင်တွေက အချိန်မှီ တားဆီးနိုင်ခဲ့တယ် လို့ Weekly Eleven Journal မှာ ဒီနေ့ ဖော်ပြထားပါတယ်။ ဒါဟာ မုန်တိုင်းသင့်ပြီးနောက်ပိုင်း ပထမဆုံး မုန်တိုင်းသင့် ဒုက္ခသည်တွေရဲ့ လူကုန်ကူးမှုနဲ့ ပတ်သက်ပြီး ပထမဆုံး ထွက်လာခဲ့တဲ့သတင်းပါ။ အကြောင်းစုံကို မသင်းသီရိက တင်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့က ပျဉ်းမနား နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနဲ့ တရားမဝင် တိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ နိုင်ငံဖြတ်ကျော် ကူးသန်းမှု တားမြစ်ရေး ဌာနက ရဲမှုးကြီးက ပြောခဲ့တာကို Weekly Eleven Journal မှာရေးသားထားတာပါ။

ပြီးခဲ့တဲ့ ဇွန်လတုန်းက တောင်ဒဂုံမှာ ဖြစ်ပွားခဲ့တဲ့ ကလေးမွေးစားတဲ့ ပြဿနာတွေနဲ့အတူ လေဘေးသင့် ဧရာဝတီတိုင်း အတွင်းက ကလေးသူငယ်တွေနဲ့ အမျိူးသမီး ၈၀ ကို နိုင်ငံဖြတ်ကျော်ပြီး လူကုန်ကူးဖို့ ကြိုးစားတာကို အာဏာပိုင်တွေက အချိန်မှီ တားဆီးနိုင်ခဲ့တယ်လို့ အဲဒီဂျာနယ်ထဲမှာ ရေးသားထားပါတယ်။

အထူးသဖြင့် ကလေးငယ်တွေကို အာဏာပိုင်တွေရဲ့ ခွင့်ပြုစစ်ဆေးမှုမရှိဘဲ မွေးစားချင်တိုင်း မွေးစားခွင့် မရှိသလို ကယ်ဆယ်ရေး ပစ္စည်းတွေ ပေးသလိုလိုနဲ့ အလုပ်အကိုင်နဲ့ ငွေကို အကြောင်းပြပြီး လူကုန်ကူးဖို့ ကြိုးစားတာကို အာဏာပိုင်တွေ တားဆီးဖို့ ကြိုးစားနေတယ်လို့လည်း ရေးသားထားပါတယ်။ မြန်မာနိုင်ငံထဲမှာ မုန်တိုင်းကာလတွေ နောက်ပိုင်း အလားတူ ပြဿနာမျိူးတွေ ရှိခဲ့ပေမယ့် အခုမှသာ လူကုန်ကူးတဲ့ သတင်းကို ပထမဆုံး ရေးသားခွင့် ရတာလို့ ရန်ကုန်က ဂျာနယ်သတင်းထောက် တဦးက ပြောပါတယ်။

"မုန်တိုင်းတိုက်ပြီးတဲ့နောက်ပိုင်းမှာ ဒါ ပထမဦးဆုံး လူကုန်ကူးမှုနဲ့ပတ်သက်ပြီးတော့ ပြည်တွင်းဂျာနယ်တွေကလည်း ရေးလို့ရတဲ့သတင်းပေါ့နော်။ ကလေးသူငယ်တွေကို မွေးစားတာတွေဘာတွေပေါ့နော်။ လူကုန်ကူးတဲ့ကိစ္စ အဲဒီသတင်းကြားတယ်။ ဒါပေမယ့် အဲဒါက ရေးခွင့်မရခဲ့ဘူးပေါ့နော်။ ရေးတာကတော့ ဒီနေ့မှာ Weekly Journal ကပဲ ထွက်တာလေ။ ကျန်တဲ့ဂျာနယ်တွေက မတွေ့ရသေးဘူးပေါ့။ နောက်ရက်ပိုင်းတွေဆိုရင်တော့ မပြောတတ်သေးဘူးပေါ့နော်။ ပထမရက် ထွက်တဲ့ဂျာနယ်တွေထဲမှာတော့ အဲဒီသတင်းကတော့ ရေးလို့မရဘူး။ ကျန်တဲ့ဂျာနယ်တွေကတော့ ရေးလို့မရသေးပါဘူး။ ရေးတာ မတွေ့သေးဘူးပေါ့နော်။"

ရန်ကုန်မြို့က လူငယ်သတင်းသမားတယောက် ပြောပြခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံထဲမှာတော့ လေဘေးသင့်ဒေသက ပြည်သူတွေဟာ စားဝတ်နေရေးပြဿနာ အခက်အခဲတွေကြောင့် အလုပ်အကိုင်ရနိုင်မယ့်နေရာကို သွားချင်နေကြတယ် လို့လည်း သိရပါတယ်။ အာဏာပိုင်တွေကတော့ အိမ်နီးချင်း တဖက်နိုင်ငံတွေကို ကူးနိုင်တဲ့နေရာတွေက စစ်ဆေးရေး ဂိတ်တွေ အားလုံးမှာ စီမံချက်တွေချပြီး စစ်ဆေးမှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အများစုသွားနေကြတဲ့ မြဝတီဘက်မှာတော့ အလွယ်တကူ အစစ်အဆေးမရှိဘဲ သွားနိုင်ပါတယ်လို့ ဖားအံမြဝတီကို သွားနေကျ ခရီးသည်တဦးက အခုလို ပြောပြပါတယ်။

"သွားတာကတော့ ဒီမှာက သွားနေကြတာပဲ။ ဧရာဝတီဘက်က ဆင်းလာတဲ့လူတွေဆိုရင် နည်းနည်းလေး စစ်ဆေးတာတော့ ရှိတယ်။ ဥပမာအားဖြင့် ၁၄/ ပေါ့နော်။ အဲဒီလူတွေ ဆိုလို့ရှိရင်တော့ သူတို့က နည်းနည်းလေး သတိထားတယ်။ ဥပမာ - ဖားအံ ဝင်တော့မယ်ဆိုလို့ရှိရင် ဒီဘက်မှာ သူတို့ကားတွေ ရောက်လာပြီ။ သူတို့ကားတွေမှာ လာလာပြီးတော့ လူခေါ်တယ်။ ပုဂ္ဂလိကတွေလည်း ရှိတယ်။ တချို့ကတော့ သူတို့ ဘယ်လို ပြောလဲဆိုတော့ အဖွဲ့အစည်းကား ဆိုပြီးတော့ ပြောတယ်။ အဖွဲ့အစည်းဆိုတာကတော့ သူများ နားလည်တာကတော့ ဒီကေဘီအေ အဖွဲ့အစည်းတွေကို ပြောတာ။ အဲဒီလိုမျိုး ဗဟိုက လာခေါ်တာပေါ့။ အဖွဲ့အစည်းကားပေါ့။ အဖွဲ့အစည်းကားနဲ့လိုက်လို့ရှိရင် မှတ်ပုံတင် ပြစရာ မလိုဘူး။ ဟိုအရောက် အားလုံး အပြီးအစီး လုပ်ပေးမယ် ဆိုပြီး အဲဒီလို ခေါ်တာမျိုးတွေ ရှိတယ်။ ကျပ်တဲ့အချိန်မျိုးဆိုရင်တော့ တယောက်ကို ၆,၀၀၀ တို့၊ ၇,၀၀၀ တို့။ နည်းနည်းလေး သိပ်မကျပ်ဘူးဆိုရင်တော့ ၄,၀၀၀၊ ၅,၀၀၀ လောက်နဲ့ပေါ့။ အဲဒီလိုမျိုးသူတို့ကလည်း နေ့တိုင်း ခေါ်နေတာပဲ။ တခါတလေကျရင် ဟိုး ဘီးလင်းလောက် ကနေပြီးတော့ ခေါ်နေတာပဲ။ မြဝတီ၊ မြဝတီ ဆိုပြီးတော့။ အဲဒီမှာလည်း လူတွေ တပုံကြီးပဲ သွားနေတာပဲ။"

ဖားအံ မြို့ခံတဦး ပြောပြခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG